ဂျပန်မလေးတွေဘာကြောင့်ဒီလိုလှတယ်ဆိုတာအဖြေရှာ…

ဂျပန်မလေးတွေချစ်စရာကောင်းလိုက်တာ၊ ဂျပန်ကမိန်းမတွေကအရွယ်တင်ပြီးအသားရည်တွေနုဖက်လိုက်တာ …ဒီလိုလိုအရွယ်တင်လှပနေတဲ့ ဂျပန်မလေးတွေရဲ့လျို့ဝှက်ချက်က…

1. ရာသီဥတုဒဏ်မှန်သမျှကိုကာကွယ်တယ်


ရာသီဥတုကြောင့် အသားရည်ထိခိုက်ပျက်စီးမှာမျိုးကို လုံးဝအဖြစ်မခံတတ်ကြတဲ့သူတွေပါ။ အပူဒဏ် လေဒဏ် မိုးဒဏ်တွေကနေသူတို့ရဲ့အသားရည်ကို မထိခိုက်မိစေဖို့ အပြင်းအထန်ကာကွယ်တတ်ကြပါတယ်။

2. အဆီအအီမများတဲ့အစားစာမျိုးကိုပိုမိုစားသုံးတတ်ကြတယ်(အစားစာကိုမျှတအောင်စားတယ်)


ဂျပန်အမျိုးသမီးတွေအမျိုးသားတွေဟာ အစားစားရင် အဆီအဆိမ့်စားတာနည်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားစာတွေပဲစားသုံးကြတာများပါတယ်။ ဒါကြောင့်လည်းအသားရည်ပိုမိုလတ်ဆတ်ပြီး အဆီမရှိတဲ့သွယ်သွယ်လျလျခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားရတယ်ဆိုလည်းမမှားပါဘူး။

3. မိတ်ကပ်မလိမ်းတဲ့နေ့ရယ်လို့သီးသန့်ရှိတယ်


မိတ်ကပ် Free Days တွေတစ်ပတ်မှာ နှစ်ခါသုံးခါလောက်လုပ်တတ်ကြပါတယ်။ ဒါဟာဘာကိုဆိုလိုတာလည်းဆိုရင် ဘာမိတ်ကပ်မှမလိမ်းပဲ မိုးလင်းကနေမိုးချုပ်အိပ်ယာဝင်တဲ့ထိနေတာမျိုးပါ။ သိပ်ကိုလုပ်သင့်တဲ့အရာပါပဲ။ မိန်းကလေးတော်တော်များများဟာ နေ့စဉ်အလုပ်သွားမယ်ကျောင်းသွားမယ် ဆိုတာနဲ့အနည်းနဲ့အများတော့မိတ်ကပ်လိမ်း ဘာလိမ်းနဲ့နေ့တလူလူဝပြင်ဆင်ကြရပါတယ်။ ဒီလိုပြင်ဆင်ရတဲ့နေ့တွေများတော့ ကြာရင် နဂိုအသားရည်ပျက်စီးနိုင်တာမလို့ တစ်ပတ်ကိုနှစ်ရက်သုံရက်လောက်တော့ Make -up Free Days လုပ်ပေးသင့့်ပါတယ်။

4. အစိုဓာတ်ရရှိမှုကိုအလေးထားလုပ်ဆောင်တယ်


အသားရည်ကို ဖြူဖွေးလှပဖို့မိတ်ကပ်တွေလိမ်းတာထက် နဂိုပင်ရင်းအသားရည်ကို ကြည်လင်အေးမြပြီးအစိုဓာတ်ရရှိအောင် ပိုပြီး Treatment တွေလုပ်တတ်ကြပါတယ်။

5. မျက်နှာ လေ့ကျင့်ခန်းတွေကို ဂရုတစိုက်လုပ်ပေးလေ့ရှိတယ်


မျက်နှာတစ်လျှောက် ကို ဖြေးညင်းစွာနှိပ်နယ်ပေးခြင်းဟာ ပါးရည်တွန့်ပြီးအိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။ ဒီလိုလေ့ကျင့်ခန်းကို ဂျပန်နိုင်ငံကအမျိုးသမီးတွေက ပုံမှန်လုပ်လေ့ရှိတတ်ကြပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*