သွားတိုက်ဆေးရဲ့ လူသိပ်မသိသေးတဲ့ တခြားအသုံးဝင်ပုံများ

သွားတိုက်ရာမှာ အသုံးပြုနေတဲ့ သွားတိုက်ဆေးဟာ သွားတွေကို သန့်ရှင်းတဲ့ ပစ္စည်းတစ်ခုအနေနဲ့သာမက တခြားနေရာတွေမှာလည်း အသုံးပြုလို့ရပါတယ်။ သွားတိုက်ဆေးရဲ့ လူသိပ်မသိသေးတဲ့ တခြားအသုံး ဝင်ပုံတွေကတော့

(၁)ရှူးဖိနပ်ရဲ့ ပွန်းရာတွေကိုပျောက်အောင်လုပ်နိုင်


သွားတိုက်ဆေးဟာ ရှူးဖိနပ်တွေမှာဖြစ်တတ်တဲ့ ပွန်းရာ၊ပွတ်မိတဲ့အရာတွေ ကို ပျောက်အောင်လုပ်နိုင်စွမ်းရှိပါတယ်။သွားတိုက်ဆေးအနည်းငယ်ကို သားရေ ရှူး(leather shoes)တွေမှာ နည်းနည်းညှစ်ထည့်ပြီး နူးညံ့တဲ့အဝတ်စနဲ့ ဖိနပ်ကို ပွတ်တိုက်ပေးပါက ခြစ်ရာ ပွန်းရာတွေပျောက်ပြီး အသစ်အတိုင်းဖြစ် သွားမှာပါ။(leather shoes)တွေကိုသာမက sneaker shoes တွေကို သန့်ရှင်းပေးနိုင်ပါတယ်။

(၂)စန္ဒရားခလုတ်တွေကို သန့်ရှင်းနိုင်

စန္ဒရားခလုတ်တွေကို သန့်ရှင်းရေးလုပ်တဲ့နေရာမှာလည်း သွားတိုက်ဆေးနဲ့သွား တိုက်တံကို အသုံးပြုနိုင်ပါတယ်။သွားတိုက်တံပေါ်မှာ သွားတိုက်ဆေးအ နည်း ငယ်ကိုညှစ်ပြီးသန့်ရှင်းရေးလုပ်ပေးရာမှာဖြစ်ကာ ပြီးရင်တော့ အဝတ်စိုနဲ့ပြောင် စင်အောင် ပြန်သုတ်ပေးခြင်းအားဖြင့် ညစ်ပတ်နေတဲ့ စန္ဒရား ခလုတ်တွေ သန့် ရှင်းတောက်ပြောင်သွားမှာဖြစ်ပါတယ်။
(၃)မီးပူကို သန့်ရှင်းပေးနိုင်

မီးပူရဲ့ဖင်မှာပေကျံနေတဲ့ အရာတွေကို သွားတိုက်ဆေးနဲ့သန့်ရှင်းပေး လို့ရပါ တယ်။သွားတိုက်ဆေးကို မီးပူဖင်ကို နည်းနည်းသုတ်ပေးပြီး အဝတ်ဖတ်တစ် ခုနဲ့သုတ်ပေးခြင်းအားဖြင့် မီးပူကိုပြောင်လက်သွားစေမှာဖြစ်ပါတယ်။

(၄)လက်ဝတ်ရတနာတွေကို အရောင်တင်ပေးနိုင်

သွားတိုက်ဆေးဟာ လက်ဝတ်ရတနာ အထူးသဖြင့် စိန်ကို ပြောင်လက် အရော င်တောက်ပလာအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။သွားတိုက်ဆေး အနည်း ငယ်ကို သွားတိုက်တံမှာညှစ်ထည့်ပြီး အရောင်မှိန်နေတဲ့ ရတနာပစ္စည်းကို ပွတ် တိုက်သန့်ရှင်းပေးပါ။ပြီးရင်တော့ အဝတ်စိုနဲ့ ပြောင်စင်အောင် သုတ်ပေးရမှာပါ။
(၅)ကလေးနို့ဗူးကို သန့်ရှင်းပေးနိုင်

နို့စော်နံ့နေတဲ့ ကလေးနို့ဗူးတွေကို နို့နံ့ပျောက်အောင် သွားတိုက်ဆေးနဲ့ သန့် ရှင်းပေးနိုင်ပါတယ်။သွားတိုက်ဆေးဟာ အနံ့အသက်တွေပျောက်စေနိုင်တဲ့ အစွမ်းရှိပါတယ်။သွားတိုက်ဆေးအသုံးပြုပြီး သန့်ရှင်းပြီးရင်တော့ ရေနဲ့သေချာ စင်ကြယ်အောင် ပြန်ဆေးပေးဖို့ မမေ့ပါနဲ့။လက်မှာလည်း အနံ့အသက်တစ်ခုခု စွဲနေရင် သွားတိုက်ဆေးနဲ့ဆေးပေးလို့ရပါတယ်။
(၆)မှန်တွေကိုလည်း သန့်ရှင်းပေးနိုင်

မှန်တွေ မကြည်လင်တော့ပဲ မှိုင်းနေမယ်၊အငွေ့ရိုက်နေမယ်ဆိုရင်လည်း သွား တိုက်ဆေးနဲ့သန့်ရှင်းပေးလို့ရပါတယ်။သွားတိုက်ဆေးကို ညှစ်ပြီး အဝတ်ဖက် တစ်ခုခုနဲ့ မှန်ကို ပွတ်တိုက်သန့်ရှင်းပေးခြင်းအားဖြင့် မှန်ကို ကြည်လင် သွားစေမှာဖြစ်ပါတယ်။

(၇)ဝက်ခြံဖုကို ပိန်စေ

ဝက်ခြံဖုတွေ ထွက်လာရင်လည်း သွားတိုက်ဆေးကို ဂျဲလ်အဖြစ် သုံးလို့ရ ပါ တယ်။ဝက်ခြံဖုကို သွားတိုက်ဆေးတို့ပေးခြင်းအားဖြင့် ဝက်ခြံဖုကို အချိန် တိုအ တွင်းပိန်သွားစေမှာဖြစ်ပါတယ်။သွားတိုက်ဆေးမှာ ခြောက်သွေ့သွားနိုင်စွမ်းရှိကာ၊အဆီတွေကို စုပ်ယူပေးနိုင်တာကြောင့် ဝက်ခြံဖုကို ပိန်သွားစေ တာဖြစ် ပါတယ်။ဒါ့အပြင် လက်သည်းတွေကိုလည်း ဖြူသွားအောင် သွားတိုက်ဆေးနဲ့ သန့်ရှင်းပေးလို့ရပါတယ်။

သွားတိုက်ဆေးရဲ့တခြားအသုံးဝင်ပုံတွေကတော့ အဝတ်အစားတွေပေါ်မှာ မှင်ေ တွ၊နှုတ်ခမ်းနီတွေ စွန်းထင်းတာတွေ၊နံရံပေါ် မှာရောင်စုံခဲတံတွေနဲ့ရေးခြစ်ထား နဲ့စားပွဲခုံတွေပေါ်မှာ ကျန်နေတတ်တဲ့ ခွက်ရဲ့အရာ(ရေစာ)တွေကို လည်း သွား တိုက်ဆေးနဲ့ဖျက်လို့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*