ခေါက်ဆွဲထုပ် ၁ဝထုပ်ကို ပြုတ်ပြီး သုံးမိနစ်အတွင်း စားပြနိုင်ခဲ့တဲ့အမျိုးသမီး

ဂျပန်နိုင်ငံမှာ အမျိုးသမီးတစ်ဦး က သုံးမိနစ်အတွင် သုံးကီလိုဂရမ်ခန့်ရှိတဲ့ ခေါက်ဆွဲပြုတ်တွေကို စားပြနိုင်ခဲ့တယ်လို့ သိရပါတယ်။


ယူကာကီနိုရှီတာဆိုတဲ့ ယင်း အမျိုးသမီးဟာ အသင့်စားသုံးနိုင်ရန်ပြုလုပ် ပေးထားသော ခေါက်ဆွဲ ၁ဝထုပ်ကိုပြုတ် ပြီး သုံးမိနစ်အတွင်း စားပြနိုင်ခဲ့လို You Tube ရဲ့ စတားတစ်ယောက် ဖြစ်လာခဲ့ပါ တယ်။ ယူကာဟာ ခေါက်ဆွဲပြုတ်စားပြနေ ချိန်မှာ တူကိုသာအသုံးပြုပြီး ခေါင်းမဖော် နိုင်လောက်အောင် အသည်းအသန်စားပြ နေခဲ့တယ်လို့ ဗီဒီယိုမှတ်တမ်းများအရ သိရ ပါတယ်။
ယူကာကီနိုရှီတာဟာ သုံးကီလို ဂရမ်ခန့်ရှိတဲ့ခေါက်ဆွဲပြုတ်တွေကို သုံးမိနစ်အတွင်း ကုန်အောင်စားပြနေတဲ့ You Tube က ဗီဒီယိုဖိုင်ကို ဝင်ရောက်ကြည့် ရှုသူ တစ်သန်းခန့်ရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*