မိန်းမတွေရဲ့ စိတ်နေသဘောထား

အပြောင်းအလဲ မြန်လွန်းတယ် ဆိုတာ မိန်းမတွေ ကိုယ်တိုင်တောင် သိနိုင်ပါရဲ့လား၊ တစ်ခါတလေမှာ မိန်းမတွေရဲ့စိတ်က မနက်ခင်း နေရောင်ခြည်လို နုပျိုလန်းဆန်း တတ်သလို၊ တစ်ခါတလေမှာ ဒေါသကြီး တဲ့ ခြင်္သေ့လို အနားကပ် လာသူကို အလွယ်တကူ ဟိန်းဟောက် တတ်တယ်။ မိန်းမတွေရဲ့ စိတ်နေသဘော ထားက အမြဲတမ်း ပြောင်းလဲ တတ်သလို ပြောင်းလဲနှုန်း ကလည်း မြန်လှပါတယ်။

ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့ လှလှက အလုပ်ဒဏ်၊ ပင်ပန်းဒဏ်ကြောင့် အအိပ်မမှန်၊ အစားမမှန်ခဲ့ဘူး။ ဒါကြောင့် မိန်းမသဘာဝ ဓမ္မတာမလာခင် ရှေ့ရက်တွေမှာ ပိုစိတ်တို၊ ဒေါသထွက် လွယ်ခဲ့တယ်။ ဒီလိုဖြစ် လာတိုင်း လှလှက ဒေါသစိတ်နဲ့ ချစ်သူကို ဖုန်းဆက်ပြီး ဘာဖြစ်လို့ မနေ့ညက ဖုန်းမဆက်တာလဲ၊ ဘာလုပ်နေတာလဲ… စသည်ဖြင့်မေးမြန်းပြီး ရန်ရှာ တတ်တယ်။

ချစ်သူက “အချိန်ပိုဆင်းနေတာ မဟုတ်လား၊ အလုပ်ပျက်မှာစိုးလို့ မဆက်တာ၊ မက်ဆေ့ ပို့လိုက်တယ်လေ.. မကြည့်ရသေးဘူးလား” လို့ ညင်ညင်သာသာ ပြန်ဖြေပါတယ်။


လိုစကားလေးတစ်ခွန်းကပဲ ဒေါသစိတ်တွေပြည့်နေတဲ့ လှလှရဲ့စိတ်က ရေထိတဲ့မီးလို ငြိမ်းသွားခဲ့တယ်။ ချစ်သူကို တမင်ရန်ရှာမိတဲ့ ကိုယ့်စိတ်ကိုလဲ ရှက်ရွံ့မိခဲ့တယ်။

စိတ်တိုတယ်၊ ဒေါသထွက်တယ်၊ ပျော်တယ် .. စတဲ့ စိတ်အခြေအနေ (mood)တွေကို သက်ရောက်စေတဲ့ အချက်တွေကလည်း များလှပါတယ်။ အဲဒီအချက်တွေထဲမှာ မိန်းကလေးတွေရဲ့ ခန္ဓာကိုယ် ဟိုမုန်းအပြောင်းအလဲကလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ စိတ်အပြောင်းအလဲက ဓမ္မတာ မလာခင်ရှေ့ရက်တွေမှာ ပိုသိသာပါတယ်။

အဲဒီအချိန်မှာ စိတ်ဟာ အရမ်းအားပျော့ပြီး စိတ်ညစ်ဝမ်းနည်းစရာ၊ အားငယ်စိတ်တွေ အလွယ်တကူ ဝင်ရောက်တတ်ပါတယ်။ ချစ်သူရဲ့ မတော်တဆ စကားအမှားတစ်ခွန်းကြောင့် စိတ်တွေ မကြည်မလင်ဖြစ်ပြီး ခံစားချက် တွင်းနက်ကြီးထဲ အလွယ်တကူ ခုန်ဆင်းတတ်ကြတယ်။

ဒါပေမယ့် နောက်တစက္ကန့်မှာ ချစ်သူရဲ့ ယုယကြင်နာစကားကြောင့် မုန်တိုင်းမိပြီး ညှိုးနွမ်းနေတဲ့ပန်းတစ်ပွင့် က နေထိသွားသလို ချက်ချင်းလန်းဆန်း လာတတ်ကြတယ်။ ချစ်သူရဲ့ အကြင်နာနေရောင်စကားနဲ့ မျှော် လင့်ချက်တွေကို တစ်ဖန်နိုးထလာပြီး အပျော်တွေ ဖူးပွင့်လာတတ်တယ်။

မိန်းမတွေရဲ့ ခန္ဓာတည်ဆောက်ပုံက ယောက်ျားတွေထက် ပိုရှုပ်ထွေးပါတယ်။ ဒါကြောင့် စိတ်အပြောင်းအ လဲတွေ မြန်တတ်ကြတယ်။ ဒါပေမယ့် ယောက်ျားတွေရဲ့ ဂရုစိုက်မှု၊ နှစ်သိမ့်မှု၊ ကြင်နာမှု၊ နားထောင်ပေး မှုတွေက အဲဒီစိတ် အပြောင်းအလဲတွေအတွက် အကောင်း ဆုံးဆေးဖြစ်တယ်။ မိန်းမတွေ ကလည်း ပင်ပန်းတဲ့၊ ဖိစီးမှုတွေ များတဲ့ ကိုယ့်စိတ်ကို ဖြေလျှော့ တတ်ဖို့လို အပ်ပါတယ်။ တစ်ယောက်တည်း ထီးထီးမနေဘဲ မိတ်ဆွေ သူငယ်ချင်း၊ ချစ်သူ၊ မိသားစုတွေနဲ့ ရောနှောဆက်ဆံ၊ ပြောဆိုဖို့လည်း လိုပါတယ်။ ဓမ္မတာမလာ ခင်ရှေ့ရက်(Premenstrual Syndrome) မှာ စိတ်အခြေအနေ အပြောင်း အလဲတွေနဲ့ အလုပ်၊ လူမှုရေး၊ စားဝတ်နေရေးတွေကို မထိခိုက်အောင် နေတတ်မှ တကယ့်ထက်မြက်တဲ့ မိန်းမတွေရဲ့ အပြုအမူဖြစ် ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*