လူ့ခန္ဓာကိုယ်နဲ့ပတ်သတ်တဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာများ

လူဖြစ်ပြီး လူသားတွေရဲ့ စိတ်ဝင်စားစရာအကြောင်းတွေကို အတော်များများမသိရှိကြသေးပါဘူး။ ခန္ဒာကိုယ် မှာရှိနေတဲ့ အကြောင်းအရာအာလုံးကတော့ လူတွေအတွက် စိတ်ဝင်စားစရာကောင်းလှပါတယ်။

ကျွန်တော်တို့လူသားအားလုံး ပိုင်ဆိုင်ထားကြတဲ့ ခန္ဓာကိုယ်ထဲမှာ ထူးခြားအံသြဖွယ်ကောင်းတဲ့ အကြောင်းအရာတွေ ပြည့်နက်လို့နေပါတယ်။ ဒီထဲကမှ လူသိလည်းနည်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာလေးတွေကို ရွေးချယ်ဖော်ပြပေးသွားပါမယ်။

– လူတစ်ဦးရဲ့ဦးခေါင်းခွံကို မတူညီတဲ့ အရိုးပေါင်း ၂၉ချောင်းနဲ့ တည်ဆောက်ထားတာဖြစ်ပါတယ်။

– အနမ်းတစ်ချက်ဟာ လူတစ်ဦးရဲ့သွေးခုန်နှုန်းကို တစ်မိနစ်အတွင်း အကြိမ်တစ်ရာလောက်အထိ ဖြစ်သွားစေနိုင်ပါတယ်။

– အမျိုးသားတွေဟာ အမျိုးသမီးများထက် နှစ်ကြိမ်လောက်ပိုပြီး မျက်တောင်ခတ်လေ့ရှိပါတယ်။

– လက်သည်းရှည်ခြင်းဟာ ခြေသည်းရှည်ခြင်းထက် လေးဆလောက်မြန်ဆန်ပါတယ်။

– လူသားတွေရဲ့ဦးနှောက်အတွင်း စက္ကန့်တိုင်းလိုလိုမှာ ဓာတုဒြပ်ပြုမှုပေါင်း တစ်သိန်းနီးပါးလောက် ဖြစ်ပေါ်လျက်ရှိပါတယ်။

– လူ့ခန္ဓာကိုယ်အတွင်း အသန်မာဆုံးကြွက်သားများမှာ လျှာကြွက်သားဖြစ်ပါတယ်။

– လူတစ်ဦးရဲ့ခံတွင်းထဲမှာ ပျမ်းမျှအားဖြင့် ဘက်တီးရီးယားပိုးများ လေးသောင်းခန့်လောက်ရှိပါတယ်။

– လူသားတို့ရဲ့မျက်စိဟာ အရောင်အမျိုးပေါင်းဆယ်သန်းလောက်ကို ခွဲခြားနိုင်စွမ်းရှိပါတယ်။

– လူတစ်ယောက်ရဲ့ပြုံးရယ်ဖို့အတွက် ခန္ဓာကိုယ်အတွင်းက ကြွက်သားပေါင်း ၁၇ခုက အလုပ်လုပ်ပေးရပြီး မျက်မှောင်ကျုံ့ဖို့အတွက် ကြွက်သားပေါင်း ၄၃ခုခန့် လှုပ်ရှားပေးရပါတယ်။

– ပျမ်းမျှအားဖြင့် လူတစ်ဦးဟာ ၂၄နာရီအတွင်းမှာ စကားလုံးပေါင်း ၄၈၀၀ခန့်လောက်အထိ ပြောဆိုလေ့ရှိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*