သေပြီး ပြန်ရှင် ရှင်ပြီးပြန်သေခဲ့ရတဲ့ ထူးခြားဖြစ်ရပ်

ကျွန်တော်တို့လူသားတိုင်း မလွဲမသေကြုံရမယ့် အရာကတော့ သေခြင်းတရား ပါပဲ။ သေခြင်းတရား ကို ဘယ်သူ့မှ ရှောင်လွဲလို့ မရပါဘူး။ ဒါကြောင့် သေခြင်းတရား ဆိုတာ ဆန်းကြယ်မှုမရှိတဲ့ သဘာဝတရားလို့ပဲ သတ်မှတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ဦးရဲ့ သေဆုံးခြင်း ဖြစ်ရပ်ကတော့ အတော်လေး ကြုံတောင်ကြုံခဲ့ဖြစ်သလို ထူးဆန်းမှုများလည်း ပြည့်နက်လို့နေပါတယ်။

Neysi Perez အမည်ရှိတဲ့ ဟွန်ဒူးရပ်နိုင်ငံသူဟာ ညသန်းခေါင်ယံကြီး တရေးနိုးမှာ အိမ်သာထတတ်ရင်း အိမ်သာနားမှာ သတိလစ်နေခဲ့တာကို အိမ်သူအိမ်သားများက သတိထားမိသွားကြပါတယ်။ Neysi သတိလစ်နေတာဟာ သေနတ်သံများကြောင့်ဖြစ်မယ်လို့ ဆွေမျိုးတွေက သတ်မှတ်ခဲ့ပေမယ့် ဘာသာရေးကိုင်းရှိုင်းသူ Neysi ရဲ့မိဘများကတော့ Neysi ပါးစပ်မှာ အမြုပ်တွေထနေတာကြောင့် သူတို့သမီးကို မကောင်းဆိုးဝါး ဝင်ပူးကပ်တာသာဖြစ်မယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ Neysi ကို နီးစပ်ရာဆေးရုံတစ်ခုကို ပု့ိဆောင်ခဲ့လိုက်ရာ သတိလစ်ပြီး သုံးနာရီအကြာမှာပဲ Neysi သေဆုံးသွားပြီလို့ ဆရာဝန်များက အတည်ပြုလိုက်ပါတယ်။


ငယ်ရွှယ်သေးတဲ့အပြင် ကိုယ်ဝန် သုံးလ ရှိနေပြီဖြစ်တာကြောင့် Neysi ရဲ့ သေဆုံးမှုဟာ သူရဲ့ခင်ပွန်းသည် အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် Neysi ရဲ့ခင်ပွန်း Rudy Gonzalez ဟာ Neysi ရဲ့အုတ်ဂူ ကို မကြာခဏ ရောက်ဖြစ်ခဲ့ပါတယ်။ တစ်နေ့မှာတော့ Neysi ရဲ့အုတ်ဂူ နားကနေ ထူးခြားတဲ့အသံတွေ ထွက်ပေါ်လာတာကို Rudy သတိထားမိလိုက်ပါတယ်။ ဒါနဲ့ Rudy ဟာ သူရဲ့ဇနီးသည် အသက်ဆက်ရှင်နေသေးတယ်လို့ ယုံကြည်သွားခဲ့ပြီး မိသားစုဝင်များကိုခေါ်ယူကာ အုတ်ဂူ ကို ပြန်လည်တူးဖော်ဖို့ လုပ်ဆောင်ပါတော့တယ်။ ထူးထူးဆန်းဆန်းပါပဲ Neysi ခန္ဓာကိုယ်ဟာ နွေးထွေးပြီး အသက်ရှင်နေတုန်းလို့ ယူဆရတဲ့ အခြေအနေမှာ ရှိနေခဲ့ပါတယ်။

ဒါကြောင့် Neysi ကို နီးစပ်ရာ ဆေးရုံ တစ်ခုဆီ အလျင်အမြန်ပု့ိဆောင်လိုက်ပါတယ်။ ဆရာဝန် ရဲ့ပြောဆိုချက်အရ Neysi ဟာ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရတာကြောင့် သူရဲ့နှလုံးခုန်နှုန်း ခေတ္တရပ်တန့်သွားခဲ့သလို သေသလိုဖြစ်သွားခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် ကံဆိုးတာကတော့ Neysi ဟာ တကယ်ကို သေဆုံးသွားခဲ့ရလို့ပါပဲ။ သူမ အသိပြန်ဝင်လာချိန် အလောင်း ထဲရောက်နေတာကြောင့် လေမရရှိတော့ပဲ အောက်ဆီဂျင် ပြတ်လတ်သွားခဲ့ပြီး ဆေးရုံ ကိုခေါ်ဆောင်လာစဉ်အတွင်းလောက်မှာ အမှန်တကယ် သေဆုံးခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ ထူးခြားဆန်းကြယ်တဲ့ သေခြင်းတရား ဖြစ်ရပ်ပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။

Be the first to comment

Leave a Reply

Your email address will not be published.


*