ပင့်ကူ တွေ အမုန်းဆုံးအပင် ၊ အိမ်မှာရှိတဲ့ပင့်ကူတွေကို အလွယ်ကူဆုံးရှင်းထုတ်မယ်

ပင့်ကူတွေဆို အကောင်သေးသေးလေးတွေ ၊တစ်ချက်ဖိလိုက်ရင် သေသွားမယ့်အကောင်တွေဆိုပေမယ့် လူတော်တော်များများကတော့ ပင့်ကူတွေကို အန်နာကွန်နာမြွေမြင်သလို ထိတ်လန့်ကြောက်ရွံကြလေ့ရှိပါတယ်။


ဆောင်းတွင်းရောက်လာတဲ့အခါ ရာသီဥတု က အေးလာတဲ့အတွက် အပြင်မှာနေတဲ့ပင့်ကူတွေဟာ အိမ် ထဲကိုရွေ့ပြောင်းရောက်ရှိလာတတ်ကြပါတယ်။ဒီ အချိန် ဟာ ပင့်ကူကြောက်တဲ့သူတွေအတွက်တော့ အဆိုးရွားဆုံးအချိန်တွေပါပဲ။ဒါဆိုရင် ဒီပင့်ကူတွေ အိမ်ထဲဝင်မလာအောင် တားဆီးလို့မရဘူးလား ။ ရပါတယ် ။ ပြီးတော့ညအရမ်းလည်းလွယ်ကူပါတယ်။တစ်ချို့အိမ်တွေမှာဆိုရင် ပန်းခြံထဲမှာတောင်စိုက်ပျိုးထားလေ့ရှိပါတယ်။သင်လိုအပ်တဲ့အပင်လေးကတော့ ပူစီနံ ပင်ပါပဲ။

လေ့လာချက်အရ ပူစီနံပင်ရဲ့ အနံ့ကို ပင့်ကူတွေ အလွန်မုန်းကြောင်းတွေ့ရှိထားရပါတယ်။ဒီတော့ ပင့်ကူတွေရှိတဲ့နေရာနားကို ပူစီနံပင် အနည်းငယ်သွားထားမယ်ဆိုရင် ပင့်ကူတွေထွက်ပြေးသွားလိမ့်မယ်။ ထို့အပြင် ပင့်ကူတွေဝင်လာနိုင်ခြေရှိတဲ့ ပြတင်းပေါက်တွေမှာလည်း ပူစီနံ သို့မဟုတ် ဇီယာ ဆီ အနည်းငယ်လောက်ပွတ်ထားပေးလိုက်မယ်ဆိုရင် ပင့်ကူတွေ သင့်အိမ်ထဲဝင်လာဖို့ လေး ငါးကြိမ်လောက်ပြန်စဉ်းစားကြပါလိမ့်မယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*