ဒေါသတွေ ထွက်လာတဲ့အခါ…

ဒေါသ ဆိုတာ ပုထုဇဉ်လူသားတိုင်း ထွက်ဖူးကြတာချည်းပါပဲ။ ဒေါသတွေကို အချိန်မှီ မထိမ်းချုပ်နိုင်ခဲ့ရင် သင့်ရဲ့ရုပ်သွင် အမူအရာတွေဟာ ကြမ်းတမ်းခက်ထန် ကြောက်မက်ဖွယ် ကောင်းလာပါလိမ့်မယ်။ သင့်ရဲ့စကားလုံးတွေဟာလဲပဲ တပါးသူနားမချမ်းသာဖွယ် ကြမ်းတမ်းနေပါလိမ့်မယ်။ ဒေါသဟာ သင့်ရဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းကိုပါ ဝါးမြိုသွားပြီဆိုရင်တော့ လူကြီးသူမ၊ မိဘ၊ ဆရာ ကိုတောင်မရှောင် ကြမ်းတမ်းစွာ ပြောမိပါလိမ့်မည်။ ထို့ထက်ဆိုးလာရင် ကိုယ်ထိလက်ရောက် ကျူးလွန်မိပါလိမ့်မည်။

သို့သော် သင်၏ဒေါသများ ပြေလျော့သွားသောအခါ မိမိ၏ အပြုအမူ၊ အပြောအဆိုတွေအတွက် ရှက်ရွံ့နောင်တရနေပါလိမ့်မည်။ ပတ်ဝန်းကျင်မှလည်း ဒေါသကြီးသောသူများကို အလိုလိုရှောင်ခွါသွားပေလိမ့်မည်။ ထိုအခါ သင်နှင့်ပတ်ဝန်းကျင်သည် အလိုလိုဝေးကွာပြီး အထီးကျန်မှုနှင့် ပေါင်းသင်းနေထိုင်ရပေလိမ့်မည်။

စိတ်ဓာတ်ခွန်အားမြှင့်စေသည့် စိတ်အဟာရပေး စာပေများ ဖတ်ရှုပါ။ မိမိဝါသနာပါရာအလုပ်ကို စူးစူးစိုက်စိုက် စိတ်ဝင်တစား ကြိုးစားလုပ်ကိုင်ပါ။ စိတ်တည်ငြိမ်စေသည့် လေ့ကျင့်ခန်းများ – ယောဂကျင့်စဉ် ကဲ့သို့ ကျင့်စဉ်များ လေ့ကျင့်ကြည့်ပါ။ နာရီအပိုင်းအခြား တစ်ခု သတ်မှတ်၍ အဓိဌာန်တစ်ခုအနေဖြင့် ဒေါသစိတ်ကို ထိန်းချုပ်ကြည့်ပါ။ ဒေါသကို ထိန်းချုပ်ရန် နည်းလမ်းများ တစ်ယောက်တစ်မျိုးဆီ ရှိကြပါလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ဒေါသမထွက်ရန် ခိုင်မာကြံ့ခိုင်သည့် စိတ်ဆုံးဖြတ်မှု မရှိလျင် အကြောင်းတရား တိုက်ဆိုင်သောအခါ သင်၏ဒေါသသည် သင့်ကို နွံထဲသို့ ဆွဲချနေအုံးမှာပင်ဖြစ်သည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*