ကိုယ့်ရဲ့ဆံပင်ကို ထိန်းသိမ်းဖို့ဆို ဒီလို အမှားလေးတွေ မလုပ်ကြဖို့လို

လှုပ်လှုပ်ရှားရှား သွားလာနေရတဲ့ အမျိုးသမီးတွေ၊ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်တဲ့ အမျိုးသမီးတွေ အနေနဲ့ ဆံပင်နဲ့ ပတ်သက်ပြီး လုပ်လေ့လုပ်ထရှိတဲ့ အမှားတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

၁။ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပြီးတိုင်း ခေါင်းလျှော်တာမျိုးကို ရှောင်ပါ။

လေ့ကျင့်ခန်းလုပ်တဲ့အခါ ချွေးထွက်တာမို့ လေ့ကျင့်ခန်း တစ်ခါလုပ်ပြီးတိုင်း ရေချိုးတဲ့အခါ ခေါင်းပါလျှော်တာမျိုး ရှောင်သင့်ပါတယ်။ ဆံပင်တွေ ခြောက်သွေ့ကြမ်းတမ်းတာမျိးထက် ဦးရေပြားအဆီအနှစ်တွေ ခြောက်ခမ်းသွားမှာစိုးတာကြောင့်ပါ။ Dry Shampoo သုံးတယ်ဆိုရင်တော့ အဆင်ပြေပါတယ်။ အဲ့ဒီလိုမှ မဟုတ်ရင်တော့ တစ်ရက်ခြား၊ နှစ်ရက်ခြား တစ်ခါသာ ခေါင်းလျှော်ပေးပါ။


၂။ခေါင်းလျှော်တိုင်း ဆံပင်ပျော့ဆေးထည့်သုံးပါ။

ခေါင်းလျှော်တဲ့အခါ ပြီးပြီးရော လျှော်တာမျိုးထက် ဆံပင်ပျော့ဆေး ထည့်သုံးပြီး လျှော်ပေးဖို့ လိုကိုလိုပါတယ်။ ပျော့ဆေး တင်ထားပြီးချိန် လေးမိနစ်၊ ငါးမိနစ်လောက် ထားထားနိုင်ရင် ပိုကောင်းပါတယ်။ ပေါင်းမယ် ဆိုရင်လည်း ခေါင်းမလျှော်ခင် moisturizer ထည့်ထားတဲ့ အချိန်မှာ လေ့ကျင့်ခန်း လုပ်လိုက်ပါ။ ပြီးတဲ့အခါ လျှော်ချလိုက်တာမျိုးဆိုလည်း အဆင်ပြေတာပဲ။

၃။အိမ်အပြင်မှာ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဆံပင်ကို တစ်ခုခုနဲ့ ကာကွယ်ထားပါ။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်တဲ့နေရာက Outdoor ဖြစ်နေမယ်ဆိုရင်တော့ ဆံပင်တွေကို နေရောင်ခြည် ထိတွေ့ခြင်းကနေ ကာကွယ်ရမှာပါ။ ဒါကလည်း ဆံပင်သားကို ပျက်စီးစေတာမို့ သတိထားပြီး တစ်ခုခုနဲ့ ကာကွယ်ပေးထားရမှာ ဖြစ်ပါတယ်။

၄။ဆံပင်ညှပ်တဲ့အခါ ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်ပုံစံကိုပဲ ညှပ်ပါ။

ကိုယ်နဲ့လိုက်ဖက်မှုမရှိတဲ့၊ ကိုယ်ရဲ့နေ့စဉ်ဘဝနဲ့ အဆင်မပြေတဲ့ ဆံပင်ပုံစံမျိုးတွေ မထားပါနဲ့။ ဒီအချက်ကလည်း အရေးကြီးပါတယ်။

၅။လေ့ကျင့်ခန်းလုပ်တဲ့အခါ ဆံပင်ကို အတင်းဆွဲစည်းထားတာမျိုး မဖြစ်ပါစေနဲ့။

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တော့မယ်ဆိုရင် ဆံပင်အားလုံးကို အပြောင်သိမ်းပြီး ပိုနီတေးကို အတင်းဆွဲစည်းထားတာမျိုးဟာ ဆံပင်သားနာစေပါတယ်။ ဒါ့ကြောင့် နည်းနည်းလျော့ပြီး စည်းထားပါ။ အဲ့ဒီလိုစည်းလို့ တစ်မျှင် နှစ်မျှင် ကျနေတဲ့ ဆံပင်တွေကို ကလစ်လေးတွေနဲ့ ညှပ်ထားလိုက်ပါ။ ကျစ်ဆံမြီးကျစ်တာမျိုးကလည်း လေ့ကျင့်ခန်းလုပ်တဲ့အခါ အဆင်ပြေစေတာပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*