ဒီလွယ်ကူရိုးရှင်းတဲ့ဖြေရှင်းနည်းလေးတွေက အိမ်ရှင်မတိုင်းအတွက်ပါ

မီးဖိုချောင်အမြဲဝင်နေရတဲ့အိမ်ရှင်မတွေအတွက်ရော၊မိန်းကလေးတွေအတွက်ပါ ဒီအချက်လေးတွေက အင်မတန်အသုံးဝင်တဲ့အချက်လေးတွေလို့ပဲပြောပါရစေ။ဘယ်လိုနည်းလမ်းလေးတွေလဲဆိုတာကြည့်လိုက်ပါဦး

၁)ခွဲပြီးသားထောပတ်သီးအခြမ်းကိုမညိုသွားစေပဲ လတ်ဆတ်နေချင်တယ်ဆိုရင် ကြက်သွန်နီတစ်ခြမ်းနဲ့ ဘူးတစ်ဘူးထဲအတူတူထည့်ထားလိုက်ရုံပဲဆိုတာသင်သိပါသလား

၂)ကြက်သွန်နီတွေအများကြီးလှီးထားမိပြီး အကုန်မသုံးဖြစ်တော့ မလတ်ဆတ်ပဲနွမ်းသွားမှာ စိုးရိမ်နေပါသလား?ကျန်နေတဲ့ကြက်သွန်နီတွေကိုဘူးထဲထည့်လိုက်ပြီး ထောပတ်တုံးလေးသေးသေးလေးထည့်ပေးထားပါတဲ့။


၃)ဟင်းထဲကို ဆားအများကြီးခတ်မိသွားရင် မီးခလုတ်ကိုခဏပိတ်ပြီး ဟင်းထဲကို အာလူးလေးပါးပါးလှီးပြီးထည့်လိုက်ပါ။
၄)ချောကလက်အမှုန်အမွှားလေးတွေလုပ်ချင်ပေမဲ့ ဘာနဲ့လုပ်ရမှန်းမသိဘူးဆိုရင် အာဘူးအခွံနွာတံလေးကိုသတိရလိုက်ပါ။အဲ့ဒါလေးတွေအမှုန်အမွှားလေးတွေလုပ်လို့ရပါတယ်နော်။


၅)ကြက်ဥ၊ဘဲဥတွေလတ်ဆတ်လား မလတ်ဆတ်ဘူးလားသိချင်ရင် ရေထည့်ထားတဲ့ခွက်တစ်လုံးထဲကိုထည့်ကြည့်လိုက်ပါ။ပုံထဲကလို လုံးဝအောက်ကိုကျသွားတဲ့ဥက လတ်ဆတ်ပြီးအပေါ်ယံတင်ရှိနေရင်တော့ မလတ်ဆတ်တော့ပါဘူးတဲ့


၆)ကြက်သွန်နီလှီးတဲ့အခါ မျက်ရည်မကျအောင် မလှီးခင် ဓားကိုသံပုရာသီးလေးနဲ့အနည်းငယ်ပွတ်ပေးပါ။ဒါမှမဟုတ် တင်လှီးမယ့်သစ်သားပြားကိုအနည်းငယ်ပွတ်ပေးပါ။ဒါဆို မမွှန်တော့ပါဘူး။

 

၇)ပန်းသီးတွေစိတ်ထားပြီးသွားတဲ့အခါ ညိုသွားတတ်တယ်မဟုတ်လား။အဲ့ဒီလိုမညိုအောင် သံပုရာသီးစိတ်လေးတွေထည့်ပေးထားပါတဲ့။သံပုရာသီးမှာပါတဲ့ ဗီတာမင်စီကြောင့် အသီးအနံှတွေညိုသွားတာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
၈)အိုးတွေခွက်တွေမှာ ဆေးချလို့မရအောင်တူးခြစ်နေတာမျိုးဖြစ်သွားတဲ့အခါ ရေနဲ့ရှာလကာရည်နည်းနည်းစီထည့်ပြီး ခဏအပူပေးထားပါတဲ့။အဲ့ဒါဆိုရင် အလွယ်တကူဆေးလို့ရသွားပါလိမ့်မယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*