ကိုယ့်ကလေးဟာဒီလိုTypes မျိုးတွေရှိနေပြီဆိုရင်တော့စိုးရိမ်စရာဖြစ်နေပါပြီ…

1. တောင်းပန်ဖို့ဝန်လေးတတ်တဲ့ကလေး


အမှားလုပ်မိမှန်းသိရဲ့နဲ့တောင်းပန်ဖို့ကိုဝန်လေးတတ်တဲ့ကလေးမျိုးဖြစ်နေပြီဆိုရင် ဒီလိုပြင်ရလွယ်တဲ့အရွယ်ထဲက သူတစ်ပါးအပေါ်မှားရင်မှားသလိုတောင်းပန်ဖို့ဝန်မလေးအောင်ပြုပြင်သင်ကြားပေးသင့်ပါတယ်။

2. တာဝန်ယူစိတ်၊ တာဝန်ယူလိုစိတ်မရှိ


သိတတ်တဲ့အရွယ်မှာ အရွယ်နဲ့လိုက်တဲ့တာဝန်ယူလိုစိတ်ကို ထည့်ထားပေးသင့်ပါတယ်။ ကလေးဆိုပြီးငယ်သေးတာပဲဆိုတဲ့စိတ်နဲ့ အလိုလိုက်ပါများရင် ကြီးလာတဲ့အထိတာဝန်ယူလိုစိတ်ကင်းမဲ့သွားစေနိုင်ပါတယ်။

3. ခေါင်းမာပြီး ပြောရခက်တဲ့ကလေး


ခေါင်းမာပြီးပြောရခက်တဲ့ကလေးတွေကို ငယ်ငယ်တည်းက မိဘသြဇာညောင်းအောင်လုပ်ပေးထားသင့်ပါတယ်။ ခေါင်းကြောမာတဲ့ကလေးကိုမပြုပြင်ပဲထားရင် အချိန်ကြာလာတာနဲ့အမျှထိန်းရသိမ်းရခက်ပါလိမ့်မယ်။

4. ခြယ်လှယ်လိုစိတ်များတဲ့ကလေး


သူတစ်ပါးအပေါ်ခြယ်လှယ်အနိုင်ကျင့်ချင်တဲ့ စိတ်များတဲ့ကလေးမျိုးဖြစ်နေပြီဆိုရင်တော့ သိသိချင်းကတည်းကနေပဲ မြန်မြန်ပြုပြင်ပေးလိုက်ပါ။ ကြာကြာထားရင် ကြီးလာလေလေ အတ္တစိတ်တွေနဲ့အနိုင်ယူလိုစိတ်တွေပိုများလာနိုင်ပါတယ်။

5. ပြောင်းလဲဖို့ဆန်းသစ်ဖို့ ကြောက်ရွံ့တတ်တဲ့ကလေး


တစ်ခုခုကိုဆန်းသစ်ပြောင်းလဲချင်စိတ်မရှိပဲ လေ့လာရမှာဆန်းသစ်ရမှာ အသစ်ဆန်းနဲ့ထိတွေ့ရမှာကြောက်နေတဲ့ကလေးမျိုးမဖြစ်ပါစေနဲ့။ ငယ်ငယ်တည်းက လေ့လာရမှာ ဆန်းသစ်ရမှာ အသစ်ဆန်းတွေနဲ့ ထိတွေ့ရမှာ ကြောက်နေပြီဆိုရင်တော့ ကြီးလာရင်လူတောထဲတိုးဖို့ဝန်လေးနေပါလိမ့်မယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*