စားသောက်ဆိုင် အတွင်းက သန့်စင်ခန်းကို စိတ်လှုပ်ရှားစရာ ဖြစ်အောင် ဖန်တီးထား

တရုတ်နိုင်ငံမှာရှိတဲ့ စားသောက်ဆိုင် တစ်ဆိုင်က သန့်စင်ခန်းဟာ ထူးထူးခြားခြား ပြုလုပ် ထားတာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ သန့်စင်ခန်းကို အလှဆင်ယင်ရာမှာ အမျိုးသမီးပုံစံ အရုပ်တွေကို ပြုလုပ်ထားတာ

ကြောင့် ဖြစ်ပါတယ်။ သန့်စင်ခန်းထဲ ဝင်လိုက်တာနဲ့ ထူးခြားတဲ့ အတွေ့အကြုံတွေ ခံစားရရှိအောင် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ ကျင်ငယ်ရည် စွန့်တဲ့ နေရာမှာ အမျိုးသမီး အရုပ်တွေကို ဆွဲဆောင်မှုရှိတဲ့ အဝတ်အစားတွေ ဆင်ယင် ပေးထားပါတယ်။ အမျိုးသမီး အရုပ်တွေကို ပုံစံအမျိုးမျိုးနဲ့ ဝတ်စားဆင်ယင် ပေးထားတာ ဖြစ်ပါတယ်။

အမျိုးသမီး အရုပ်တွေကို စကပ်၊ ညအိပ် အဝတ်အစား၊ အသားကပ် ခြေအိတ်ရှည် တို့ကို ဝတ်ဆင် ပေးထားတာ ဖြစ်ပါတယ်။ ဒီအမျိုးသမီး ရုပ်တွေဟာ အဝတ်အစားတွေ ရောင်းချရာမှာ နမူနာပုံစံ ဝတ်ပေးရာမှာ အသုံးပြုတဲ့ အရုပ်တွေ ဖြစ်ပါတယ်။ ဒီလိုထူးခြားအောင် ပြုလုပ်ထားတဲ့ နေရာက ရှန်ဇီဒေသ၊ တိုင်ယူအန်မြို့မှာ တည်ရှိပြီး အထူးအဆန်း ဖြစ်အောင် ပြုလုပ်ထားခြင်း ဖြစ်တယ်လို့ ဒေးလီးမေးလ် သတင်းမှာ ဖော်ပြ ထားပါတယ်။

ဒီနေရာကို ရောက်သွားတဲ့ အသက် (၂၄) နှစ် အရွယ်ရှိ ဆန်ကာအိုက မိမိအနေဖြင့် သန့်စင်ခန်းထဲ ရောက်သွားချိန်မှာ အမျိုးသမီး အရုပ်တွေ မြင်တွေ့ရတာကြောင့် နေရာမှား ရောက်သွားပြီလို့ ထင်မိခဲ့ပြီး အခန်းထဲက ချက်ချင်း ပြန်ထွက်ခဲ့ကြောင်း၊ သို့သော် သန့်စင်ခန်း ဆိုတာသိပြီး နောက်ရောက် သွားချိန်မှာလည်း အမျိုးသမီးရုပ်တွေ မြင်တွေ့ခဲ့လို့ ဘာမှလုပ်လို့ မရခဲ့ကြောင်း ဟြေကြား သွားခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ သန့်စင်ခန်းတွေကို ပုံစံဆန်းတွေနဲ့ ပြုလုပ်တာ အစဉ်အလာလို ဖြစ်နေတယ်လို့ သိရပါ တယ်။ တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်စတဲ့ နိုင်ငံတွေမှာ အိမ်သာ စားသောက်ဆိုင်တွေတောင် ဖွင့်လှစ် ထားတယ်လို့ သိရပါတယ်။ အိမ်သာ စားသောက်ဆိုင် ဆိုတာ အသုံးအဆောင် ပစ္စည်းတွေကို အိမ်သာ မှာရှိတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပြီး မနှစ်မြို့စရာ ဖြစ်ပေမယ့် လာရောက်တဲ့သူ အများအပြား ရှိနေတယ်လို့ ဆိုထားပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*