ကိုယ်သဘောကျနှစ်သက်ရတဲ့အတွင်းခံအကျီလေးတွေ ပုံမပျက်လှပနေအောင်ဘယ်လိုထိန်းသိမ်းကြမလဲ?

မိန်းကလေးတွေအတွက်ခေါင်းစားရတဲ့ကိစ္စတစ်ခုကတော့ ကိုယ့်ရဲ့အတွင်းခံအကျီတွေပုံမပျက်သွားအောင် ဘယ်လိုလျှော်ရမလဲဆိုတာပါပဲ။သိတဲ့မိန်းကလေးကလည်းသိကြမှာပါ။အခုက အတွင်းခံ၊ဘရာတွေလျှော်တဲ့အခါ အချိန်အကြာကြီးပုံကျနေအောင် လျှော်ရမယ့်နည်းလေးကို သေချာမသိသေးတဲ့သူတွေအတွက်ပြောပြပေးသွားမှာဖြစ်ပါတယ်။


ကိုယ့်မှာ ဆိုက်ဒ်မှန်ပြီး တကယ်ကို ဝတ်လို့ကောင်းတဲ့ ဘရာတစ်ထည်ရှိနေပြီဆိုရင် ဒီလိုမျိုး နောက်ထပ်တစ်ထည် ရှာတွေ့ဖို့ကထင်သလောက်တော့ မလွယ်ကူဘူးလေနော်။ဒါကြောင့် ကိုယ်အရမ်းကြိုက်တဲ့ ဘရာကောင်းကောင်းလေးတွေကို အချိန်အကြာကြီးထိန်းသိမ်းထားနိုင်ဖို့လိုပါတယ်။
ပထမဆုံးအချက်အနေနဲ့ ကိုယ့်အတွင်းခံအကျီကို ဘယ်လောက်သဘောကျကျ နေ့စဉ်ရက်ဆက်တော့ မဝတ်သင့်ပါဘူးနော်။ဆွဲသားလို material တွေနဲ့ ထည့်ချုပ်ထားတယ်ဆိုရင် ဒီနေ့ဝတ်ပြီး နောက်တစ်ရက်မှာ ချိတ်လှန်းထားလိုက်တာ ပိုကောင်းပါတယ်။ပိုပြီး ကြာရှည်ခံချင်တယ်ဆိုရင်တော့ တစ်နေ့တစ်ထည် ပြောင်းလဲဝတ်တာ အကောင်းဆုံးပါပဲ။


နောက်တစ်ချက်က လျှော်တဲ့အပိုင်းပါ။အတွင်းခံအကျီလျှော်ခါနီးတိုင်း အုံပျက်မသွားဖို့နဲ့ အကျီသန့်စင်ဖို့ ဘယ်လိုလျှော်ရမလဲဆိုပြီး ဦးနှောက်စားကြရပါတယ်။သိပ်ခေါင်းစားမခံပါနဲ့နော်။အဓိကက နည်းလမ်းသိဖို့ပါ။


အတွင်းခံအကျီလျှော်တော့မယ်ဆိုရင် လျှော်မယ့်ဇလုံထဲကို သိပ်မပြင်းတဲ့ဆပ်ပြာဆီတစ်ခုကို ထည့်ပြီး လက်နဲ့မွှေပါ။ ပြီးရင်အကျီကိုထည့်ပြီး အပေါ်ကနေ ဆပ်ပြာတွေ ဝင်သွားအောင် နည်းနည်းချင်းစီ ဖိပေးပါ။ မိနစ်ခဏလောက်ထားလိုက်ပြီးရင်တော့ အုံလေးကို ထပ်ဖိပေး၊ နောက်တစ်ခါ အုံဘေးနားလေးတွေကို အသာလေးပွတ်ပေးပါ။ ကြိုးတွေနဲ့ အနောက်ဘက်သားတွေကိုလည်း ဖြည်းဖြည်းသာ လက်လေးနဲ့ ပွတ်ပေးလိုက်ပါ။ ပြီးတာနဲ့ဒါကို ရေနဲ့ပြန်စိမ်ပြီး ဆပ်ပြာတွေ သန့်စင်သွားအောင် အရမ်းမပွတ်၊မဖိပဲ သန့်စင်လိုက်ပါ။လှန်းတဲ့အခါမှာလည်း တစ်ခြားအကျီတစ်ထည်ပေါ်တင်ပြီးဖြစ်စေလှမ်းပေးပါ။ချိတ်လှန်းထားမယ်ဆိုရင်လည်း ရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*