သင့်ရဲ့ အနာဂတ် သတို့သားလောင်းထံမှ သင်တောင်းထားသင့်တဲ့ ကတိများ

သင့်ချစ်သူနဲ့ ရွှေလက်တွဲတော့မယ်လို့ ဆုံးဖြတ်ထားတယ်ဆိုရင် သင့်အနေနဲ့ အနာဂတ်သတို့သားလောင်းထံကနေ တောင်းထားသင့်တဲ့ ကတိတွေ ရှိပါတယ်။ ဒီကတိတွေဟာ ဘာမှမဖြစ်လောက်တာလေးတွေလို့ ထင်ရပေမယ့် နှစ်ယောက်အတူနေကြတဲ့အခါ တကယ့်ကို အရေးကြီးတဲ့ အရာတွေ ဖြစ်လာတာမို့ပါ။ တောင်းသင့်တဲ့ ကတိတွေကတော့

၁။ သင့် ပြသနာတွေ ကြုံလာရတဲ့အခါ စိတ်ပျက်စရာပဲကွာလို့ မပြောပဲ သင်နဲ့အတူ ဖြေရှင်းပါမယ်ဆိုတဲ့ ကတိမျိုး။

၂၊သင့်မိသားစု ပြသနာတွေမှာ စိတ်ပျက်လက်ပျက် ဖြစ်မသွားပဲ သင်နဲ့အဆုံးထိ ရှိပေးမယ်ဆိုတဲ့ ကတိမျိုး။

၃။သင်စိတ်ဓာတ်ကျတိုင်း သင့်ဘေးနားမှာ အမြဲရှိပြီး အားပေးပါ့မယ်ဆိုတဲ့ ကတိမျိုး။

၄။ သင်ချက်ပြုတ်တဲ့အစားအစာတွေကို မငြိုငြင်ပဲ စားပါ့မယ်ဆိုတဲ့ ကတိမျိုး။

၅။သင်နဲ့အတူ တက်ရောက်ရတဲ့ အရေးကြီး ပွဲလမ်းသဘင်တွေမှာ အရက်ကို အလွန်အကျွံ မသောက်ပါဘူးဆိုတဲ့ ကတိမျိုး။

၆။သင်တို့နှစ်ယောက်ရဲ့ အမှတ်တရနေ့လေးတွေကို ဘယ်တော့မှ မေ့မပစ်ပါဘူးဆိုတဲ့ ကတိမျိုး။

၇။သင့်ရဲ့ password တွေကို လိုက်သိချင်ပြီး တောင်းမနေပါဘူးဆိုတဲ့ ကတိမျိုး။

၈။သူ့ရဲ့အရေးအကြီးဆုံး ကိစ္စတွေဆို သင့်ကိုပထမဆုံး အသိပေးပါမယ်ဆိုတဲ့ ကတိမျိုး။

၉။သင့်အဝတ်အစား၊ ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုတာမျိုးတွေ မလုပ်ပါဘူးဆိုတဲ့ ကတိမျိုး။

၁၀။ကလေးယူဖို့ ကိစ္စကို နှစ်ဦးသားညှိနှိုင်းပြီးမှသာ စဉ်းစားမယ်ဆိုတဲ့ ကတိမျိုး … စတာတွေပါပဲ။

Be the first to comment

Leave a Reply

Your email address will not be published.


*