သူကိုယ့်ကို တကယ် ချစ် တာလား၊အပျော်လား သိချင်သူများအတွက်

သူကိုယ့်ကို တကယ် ချစ် တာလား၊အပျော်လား သိချင်သူများအတွက်ဥပမာ – အောင် ဆိုရင် (အ) တနင်္ဂနွေ၊ ဂဏန်းက 1 ပေါ့။ မင်းဆိုရင် (မ)ကြာသပတေး ၊ ဂဏန်းက 5 ပေါ့။ ထွန်းဆိုရင် (ထ) စနေ၊ ဂဏန်းက 7 ပေါ့ လွယ်ပါတယ်။ နေ့တိုင်းအတိတ်စိမ်းတွေနဲ့ ဂဏန်းတွက်နေကြပဲဟာ ခိခိ။ အဲဒီအတိုင်း နာမည် တစ်လုံးချင်းစီကို ဂဏန်းဖြစ်အောင် ပြောင်းပြီး ကိန်းဂဏန်းတခုတည်းဖြစ်အောင်ပေါင်းလိုက်ပါ။
ဥပမာ – ကျော်မျိုးမြင့် ဆိုပါတော့၊

(တခုတော့ သတိထားပါ ။ရှေ့က ဦး/ ကို / မောင် ဆိုတာတွေကို ထည့်မတွက် ပါဘူး။)


= ကျော် + မျိုး + မြင့်

= 2 + 5 + 5

= 12 ရပါတယ်။

ပြီးရင် ဒုတိယအဆင့် လာပြီ။ အဲဒါက ကိုယ်ရောက်နေတဲ့ အသက် နဲ့ မိမိမွေးနံဂဏန်းကို ပေါင်းရမှာပါ။

မှတ်ချက်။ (ဒီနေရာမှာ တခုသတိထားရမှာက အဖြေပေးဖို့စဉ်းစားနေတဲ့သူများအတွက်သာ ခုလက်ရှိအသက်ကို ယူရမှာဖြစ်ပြီးချစ်သူရှိပြီးသူများကတော့ အဖြေပေးခဲ့တဲ့ အချိန်က အသက်နဲ့ တွက်ရမှာနော်…သဘောမပေါက်ဘူးဆိုရင်တော့ လက်ရှိအသက်ထဲက ချစ်သူသက်တမ်းကိုနှုတ်လိုက် ရတဲ့ အဖြေကို ယူလိုက်ပေါ့ …:D) ဥပမာ ပြောပြီနော်.လက်ရှိအသက်က…………29 (28 ပြည့်ပြီးရင် 29 လို့ယူမယ်နော်…ရောက်နေတဲ့အသက်လို့ပြောထားတာကိုး) မိမိရဲ့မွေးနံက တနင်္ဂနွေဆိုတော့………1အဲဒီတော့ …………..29 + 1 =30 ရပါတယ်။ နားလည်မယ်ထင်ပါတယ်။

တတိယအဆင့်ကတော့ ပထမအဆင့်ကရတဲ့ အဖြေနဲ့ ဒုတိယအဆင့်က ရတဲ့အဖြေကို ပေါင်းပေးရမှာဖြစ်ပါတယ်။ပထမအဆင့် အဖြေက …..12 ဒုတိယအဆင့် အဖြေက…30 နှစ်ခုပေါင်းတော့ 42 ရတယ်။ ရလာတဲ့ အဖြေကို 7 နဲ့စားပါ။ ကျန်တဲ့ (အကြွင်း)ကို မှတ်ပြီး အောက်ပါအဖြေများကိုရပါလိမ့်မယ်ရှင်

အကြွင်း (1) ဆိုရင်တော့ သူတကယ်ပြောတာပါ။ ချစ်တာကတော့အမှန်ပါ၊ ဒါပေမဲ့ လက်ထပ်ဖို့တော့ မတွေးသေးဘူး။ လက်ထပ်မယ်လို့ပြောလာရင်လည်း အပေါ်ယံလေးပါ၊ လက်ထပ်နိုင်လောက်အောင် အခြေအနေမပေးသေးပါဘူး။ မဖြေရှင်းနိုင်တဲ့ မိသားစု အသိုင်းအဝိုင်းကြားကနေ ရင်ဆိုင်ပြီး ချစ်နေရတာပါ။ ချစ်သူဘဝနဲ့တွဲသွားတွဲလာ အဖေါ်အဖြစ်တော့ ကောင်းပေမဲ့ အိမ်ထောင်ဖက်တော့ဖြစ်မလာနိုင်ပါဘူး။ ချစ်တိုင်းလည်း မညားတဲ့စကားလိုပါပဲ။

အကြွင်း(2) ဆိုရင်တော့ တကယ်ကောင်းတာပဲ။ သူ့အချစ်က စံတင်လောက်တယ်နော်။ သူတကယ်ကိုချစ်နေတာပါ။ သနားဖို့ကောင်းတဲ့လူပေါ့။ သူ့မေတ္တာ၊ သူ့သစ္စာ၊ သူ့ဘ၀ တစ်ခုလုံးကို ပုံအောပြီးချစ်နေတာပါ။ ပြန်ချစ်ဖို့ အသင့်တော်ဆုံးလူပေါ့။ ကိုယ်ကို တကယ်ချစ်၊ တကယ်လက်ထပ်မှာဆိုပေမဲ့ ကိုယ်က ပြန်မချစ်ရင်လည်း နောက်ဆုတ်ပေးဖို့အသင့်ပါ။ အနှောင့်အယှက်မပေးပါဘူး။ အဲ့လောက်ကို မြတ်မြတ်နိုးနိုးချစ်တာနော်။

အကြွင်း(3) ဆိုရင်တော့ ဒဿမင်းပါပဲ၊ အတော်မျက်နှာများတဲ့သူပေါ့။ ကိုယ့်ကိုသဘောကျလို့ တွဲချင်တာပါ။ အလေးအနက်မထားပါဘူး။ လက်ထပ်ဖို့နေနေသာသာ ရေရှည်ချစ်ပ့ါမလားတောင်မသိဘူးနော်။ ကိုယ်က လက်ခံပြီးရင် သူကနောက်တစ်ယောက်တွဲမယ်။ ပစ်ထားလိုက် ပြန်လာလိုက်နဲ့ ချစ်တမ်းကစားမဲ့သူပဲ၊ အသည်းကွဲတာ ခံနိုင်ရေ ရှိမှ စဉ်းစားနော်။ မစဉ်းစားတာအကောင်းဆုံးပါ။ သူငယ်ချင်းအဆင့်မှာပဲ ထားလိုက်ပါ။

အကြွင်း(4) ဆိုရင်တော့ အတည်ပြောတာပါ။ တကယ်ချစ်တာပါ။ ချစ်သူအတွက်ဆိုဓါးတောင်ကို ကျော်ရမလား၊ မီးပင်လယ်ကိုဖြတ်ရမလား ရင်ဆိုင်ဖို့အသင့်၊ အဲလိုသဲသဲလှုပ်ချစ်တာပေါ့နော်။သူက စကားနည်းတယ်။ ဒီစကားလေးတစ်ခွန်းပြောဖို့ကိုတော်တော်အချိန်ယူပြီး ပြောရတာပါ။ ကိုယ့်ကို တင့်တောင်းတင့်တယ် လက်ထပ်မဲ့သူပါ။ တစ်သက်လုံး မြတ်မြတ်နိုးနိုးနဲ့ ကိုယ်လက်ကို တွဲထားမဲ့သူပါ။ စဉ်းစားပေးလိုက်ပါနော်။

အကြွင်း(5) ဆိုရင်တော့ ချစ်ခွင့်ပန်ပြီး သူပဲမဟုတ်သလို။ သူကိုယ်သူတောင် ပြောမိလားမပြောမိလား သူကိုယ်တိုင်တောင်မမှတ်မိတဲ့ သူမျိုးပါ ချစ်လိုက်မချစ်လိုက်၊ သတိရလိုက်မရလိုက် လူမျိုးပေါ့။ ချစ်ခွင့်ပန်ပြီးအဖြေတောင် တောင်းမသွားတဲ့သူမျိုးလေ။ သူ့မှာ အချစ်ကောရှိရဲ့လား၊ အသည်းနှလုံးကောပါရဲ့လားလို့ ပြန်မေးရမဲ့သဘောရှိတယ်။ ချစ်မိလို့ လက်ခံလိုက်တယ်ဆိုရင်တော့ လက်ထပ်ဖို့ကို အချိန်ယူပြီး စဉ်းစားဖို့အကြံလေးပေးပါရစေ။

အကြွင်း(6) ဆိုရင်တော့ ကောင်းပါတယ်။ ကိုယ့်အပြင် နောက်ထပ်မရှိတဲ့။ သူ့မေတ္တာက အမှန်ပါ။ အတိတ်က ဇာတ်လမ်းတွေရှိခဲ့ရင်လည်းကိုယ်နဲ့တွေပြီးနောက်ပိုင်း တည်တည်ငြိမ်ငြိမ်နဲ့ တွဲတဲ့လက်မြဲအောင်ကြိုးစားမှာပါ။ မတူညီတဲ့ အသိုင်းအဝိုင်း အတားအဆီးတွေကြားကနေ ချစ်တဲ့သူပါ။ တကယ်ချစ်၊ တကယ်အလိုလိုက်မဲ့ အချစ်စစ်ပိုင်ရှင်ပါ။ ရေရှည် တည်မြဲတဲ့အချစ်ပါ။ True Love နော် မယုံမရှိနဲ့။

အကြွင်း(0) ဆိုရင်တော့ NO လို့သာ ပြောလိုက်ပါ။ သူ့အချစ်နဲ့ ကိုယ်အချစ်မတန်ပါဘူး။ မရှင်းမရှင်းနဲ့ အရှုတ်ထုတ်တွေကြား ကိုယ်ပါ ဗျာများနေရမယ်။သူ့ကိုယ်များကြိုက်မိလို့ကတော့ Tissueနဲ့မျက်ရည်သုတ်ရလိမ့်မယ်။ပညာသားပါပါ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့တောင်မတွဲမိစေနဲ့၊ လက်ထပ်ဖို့လည်းမကောင်း၊ မယူပြန်ရင်လည်း လိုက်နှောင့်ယှက်မဲ့သူမျိုးနော်။ ငြင်းမယ်ဆိုတောင် အလိမ္မာလေးနဲ့ငြင်းပါ။ ပြန်အရှက်ခွဲမဲ့ လူမျိုးမို့သတိလေးထားပါလို့။

ဗေဒင်ဆိုတာကလဲ ဗေဒင်ပေါ့။ ပုံသေကြီးတော့ သတ်မှတ်လို့မရပါဘူး။ ဖူးစာဆိုတာ သတ်မှတ်ပြီးသားပါ။ ကံ ကံ၏ အကျိုးတဲ့။ ကိုယ်က အကောင်းဆုံးကိုမှလိုချင်သလို ကိုယ်ကလည်း ကိုယ့်ချစ်သူအတွက် အကောင်းဆုံးဖြစ်ရဲ့လားလို့ပြန်လည်သုံးသပ်ရင်း……မဖြစ်သေးဘူးဆိုကြိုးစားပါလို့ပျိုမေအကြံပေးချင်တယ်။ ဆရာလုပ်တာမဟုတ်ပါဘူး၊ တခါတရံ ကိုယ်ရဲ့စိတ်၊ကိုယ်ရဲ့လုပ်ရပ်ကြောင့် လူတစ်ယောက်ကို ပြောင်းလဲသွားစေနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*