နှစ်ရက် ရေမချိုးတဲ့အခါ ခန္ဓာကိုယ်မှာ ဘာဖြစ်လာမလဲ

အကြောင်းအမျိုးမျိုးကြောင့် တစ်ရက်လောက် ရေမချိုးဘဲ နေလိုက်ရတာမျိုးကို ကြုံဖူးကြမှာပါ။ ဒါပေမဲ့ နှစ်ရက်လောက် ရေမချိုးမိလိုက်ရင်တော့ သင့်ရဲ့ ခန္ဓာကိုယ်က သေချာပေါက် အနံ့အသက်တစ်ခုခု ထွက်လာမှာ ဖြစ်ပါတယ်။
နှစ်ရက်လောက် ရေမချိုးလိုက်ဘဲ နေလိုက်ခြင်းဟာ ကြီးမားတဲ့ စွန့်စားမှုတစ်ခုလို့ ဆရာဝန်တွေက သတ်မှတ်ထားကြပါတယ်။ ရေနှစ်ရက်လောက် မချိုးလိုက်ဘူးဆိုရင် သင့်ရဲ့ခန္ဓာကိုယ်ကို ဆိုးကျိုးပေးတဲ့ ဘက်တီးရီးယားတွေဟာ အရေပြားပေါ်မှာ ပွားများလာပြီး နေထိုင်မကောင်း ဖြစ်ဖို့ လမ်းစများသွားလိမ့်မယ်လို့ သိရပါတယ်။ မသန့်ရှင်းတဲ့ လက်နဲ့ မျက်လုံး၊ နှာခေါင်းတို့ကို ပွတ်မိတဲ့အခါ နေထိုင်မကောင်း ပိုပြီး ဖြစ်လာတတ်ပါတယ်။


ခန္ဓာကိုယ်ပေါ်မှာ အမျိုးအစားမတူတဲ့ ဘက်တီးရီးယားပေါင်း ၁၀၀၀ ကျော်ရှိတတ်ပြီး အဲဒီအထဲမှာ ဘက်တီးရီးယား ၄၀ လောက်က ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုပါတယ်။ ရေမချိုးရင် အနံ့ဆိုးထွက်တာဟာ ခန္ဓာကိုယ်အတွင်းထဲက ထွက်လာတာမျိုး မဟုတ်ပဲ ဆိုးကျိုးပေးတဲ့ ဘက်တီးရီးယားတွေဆီက ဖြစ်ပါတယ။်

သေချာတာကတော့ သင်နှစ်ရက်ရေမချိုးတဲ့အခါ ခန္ဓာကိုယ်မှာရှိတဲ့ ပရိုတိန်းဓာတ်နဲ့ ဖက်တီအက်ဆစ်ဓာတ်တွေကို စားသုံးပြီး ဘက်တီးရီးယားတွေဟာ ရှင်သန်ပွားများလာမှာပါ။ အဲဒီအခါ ဆိုးရွားတဲ့အနံ့အသက်ပေါင်း ၃၀ လောက်ကို ဘက်တီးရီးယားတွေက ထုတ်လွှတ်ပေးပါလိမ့်မယ်။

ရလဒ်အနေနဲ့ သင့်နားကို လာချင်သူ နည်းပါးသွားမှာဖြစ်ပါတယ်။ ဘက်တီးရီးယားတွေကို အခွင့်အရေး မပေးတဲ့အနေနဲ့ နေ့စဉ် ရေချိုးသင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*