ချစ်ရေးချစ်ရာလမ်းခရီးအဆင်ပြေစေပြီးပိုမိုယုံကြည်မှုတွေခိုင်မြဲလာဖို့ သင့်ချစ်သူကိုမေးထားသင့်တဲ့ မေးခွန်းလေးတွေက…

1. သူ့မိသားစုနဲ့သူ့ရဲ့ဆက်ဆံရေးကို မေးပါ

သူ့ရဲ့မိသားစုအသိုင်းဝိုင်းနဲ့သူ့ရဲ့ဆက်ဆံရေးကို သေချာသိအောင်မေးထားပါ။ မတော်လို့ကိုယ်ကသူ့မိသားစုအသိုင်းဝိုင်းနဲ့ဆုံတဲ့အခါ သူတို့ဆက်ဆံရေးကို မသိပဲအပြောဆိုမတတ်တာမျိုးဖြစ်သွားခဲ့ရင်မကောင်းပါဘူး။ ဒါကြောင့်သေချာမေးထားပြီးသူနဲ့သူ့မိသားစုဆက်ဆံရေးကိုသိပါစေ။

2. ကိုယ်နဲ့ဘာအကြောင်းအရာမျိုးတွေဆွေနွေးပြောဆိုဖို့သူခက်ခဲတတ်သလဲမေးပါ

ကိုယ်နဲ့သူဘာအကြောင်းအရာမျိုးတွေပြောဆိုဖို့ကိုသူဝန်လေးတတ်လည်းဆိုတာ မျိုးကိုသိအောင်လုပ်ထားပါ။ ပွင့်ပွင့်လင်းလင်းမေးထားပါ။ ဒီလိုအရာမျိုးတွေကိုမသိထားဘူးဆိုရင်နောက်ပိုင်းပိုပြီးအဆင်မပြေဖြစ်လာနိုင်ပါတယ်။

3. ကိုယ်နဲ့ပတ်သတ်ပြီးသူ့စိတ်ထဲဘယ်အရာတွေကိုဂုဏ်ယူလဲဆိုတာမေးပါ

ကိုယ်နဲ့ပတ်သတ်ပြီးသူ့စိတ်ထဲကဘယ်အရာတွေကိုသဘောကျလဲဆိုတာမျိုးကိုမေးထားပါ။ ကိုယ်နဲ့ပတ်သတ်ပြီးသူကြိုက်တဲ့အရာတွေကို ကိုယ်တိုင်သိထားရင်ဆက်ဆံရေးပိုပြီး ပြေလည်အေးချမ်းစေမှာ အမှန်ပါပဲ။

သင်နဲ့ပတ်သတ်ပြီးဘာအကြောင်းအရာကြောင့်သင်နောက်ဆုံးငိုခဲ့ရလည်းဆိုတာမျိုးပါ၊ သင့်ကိုတကယ်ချစ်တဲ့သူဆိုသူ့ကြောင့်သင်နာကျင်ခဲ့ရတဲ့အချိန်ကိုမှတ်မိနေမှာပါ။

5. သူ့ရဲ့ကိုယ်တိုင်ပြောင်းလဲပစ်ချင်တဲ့အရာကဘာလဲဆိုတာ မေးပါ
သူကိုယ်တိုင်ပြောင်းလဲပစ်ချင်စိတ်ပြင်းထန်နေတဲ့အရာတွေကဘာတွေလဲမေးထားပါ။ ဒီလိုအရာတွေကသူ့ဘဝအတွက်အရေးကြီးတဲ့စိတ်ခံစားချက်တစ်စိတ်တစ်ပိုင်းဖြစ်လို့ ဒီလိုအရာတွေကိုသိအောင်လုပ်ထားပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*