ညဘက်တွေကောင်းကောင်းအိပ်မပျော်ဘူးဆိုတာ သင်ဒါတွေစားမိလို့ပါ

တစ်နေ့တာအလုပ်တွေပြီးဆုံးသွားရင် ညဘက်ကောင်းကောင်းအိပ်စက်ရဖို့ကအရေးကြီးဆုံးပါပဲ။ညဘက်ကောင်းကောင်းမအိပ်ရရင် မနက်ကျ အိပ်ရေးကမဝရတဲ့ကြားထဲစောစောထရ၊စောစောထရတော့စိတ်တွေကမလန်းဆန်း၊စိတ်တွေတိုနဲ့ ဖြစ်တတ်ပါတယ်။တစ်ညလုံးကောင်းကောင်းအိပ်ပျော်ဖို့ဆိုတာညအိပ်ရာမဝင်ခင်ကိုယ်စားလိုက်တဲ့အစားအစာနဲ့လည်းအများကြီးသက်ဆိုင်နေပါတယ်တဲ့။အခု Buzzy ပရိသတ်ကြီးအတွက် ခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့အိပ်ပျော်သွားစေဖို့ ညအိပ်ရာဝင်ခါနီး မစားသင့်တဲ့အစားအစာတွေအကြောင်းကို ပြန်ပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်။

ညအိပ်ရာမဝင်ခင်မစားသင့်တဲ့အစားအစာတွေကတော့…

အသင့်စားအစားအစာများ

အသင့်စားအစားအစာတွေဖြစ်တဲ့ အာလူးကြော်၊ဟမ်ဘာဂါ၊ပီဇာစတာတွေက သင့်ကျန်းမာရေးအတွက်လုံးဝမသင့်တော်ပါဘူး။အထူးသဖြင့်ညအိပ်ရာဝင်ခါနီးအချိန် စားမိရင်ပိုဆိုးပါတယ်။ဒီလိုအသင့်စားအစားအစာတွေမှာပါတဲ့အသားချောင်းတွေ၊အာလူးကြော်တွေမှာ အငန်ဓာတ်အဆီဓာတ်များပြားတဲ့အတွက်အစာအိမ်အတွက်မကောင်းစေပါတယ်။ဒါတွေစားမိတဲ့အခါရင်ပူရင်ဆာဖြစ်တတ်ပါတယ်။ဒါဆို ညဘက်လည်းနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တော့မှာမဟုတ်ပါဘူး။

ဝိုင်

အိပ်ခါနီးဝိုင်ကိုတစ်ခွက်ထက်ပိုသောက်မိတဲ့အခါ ညလယ်ခေါင်ကြီးနိုးလာတာတွေဖြစ်တတ်ပါတယ်။ဒါ့အပြင် ဝိုင်ဟာလည်း အရက်ယမကာတစ်မျိုးပဲဖြစ်တာကြောင့် ဟောက်သံအကျယ်ကြီးထွက်စေပါတယ်။

ချောကလက်အမည်း

ချောကလက်အမည်းက ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ဒါပေမဲ့ ညအိပ်ရာဝင်ခါနီးစားမယ်ဆိုရင် ရင်ပူရင်ဆာဖြစ်စေသလို ညဘက်လွယ်လွယ်နဲ့အိပ်မပျော်တဲ့ရောဂါလည်းပိုပြီးဖြစ်လာစေပါတယ်။

ကြက်သား

ကြက်သားမှာပါဝင်တဲ့များပြားတဲ့ပရိုတင်းဓာတ်ကြောင့် အစာအိမ်က တစ်ခြားအစားအစာတွေထက် ၅၀ရာခိုင်နှုန်းနှေးကွေးစွာအစာခြေဖျက်ရပါတယ်။အိပ်ပျော်နေတဲ့အချိန်မှာတောင်အစာအိမ်က အစာချေဖျက်နေရတုန်းပါ။အဲ့ဒါကြောင့် သင့်အနေနဲ့နှစ်နှစ်ခြိုက်ခြိုက်နဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအနားပေးပြီးအိပ်ချင်တယ်ဆိုရင် အိပ်ရာဝင်ခါနီးကြက်သား၊ကြက်ကြော်တွေမစားမိပါစေနဲ့

ငရုတ်သီးအပူအစပ်

ငရုတ်သီးအပူအစပ်တွေ ဘယ်တော့မှ ညအိပ်ရာဝင်ခါနီးစားမယ့်အစားအစာထဲထည့်မစားပါနဲ့။ငရုတ်သီးကပူစပ်ပူလောင်ဖြစ်စေပြီး ရင်ထဲမှာပူလောင်နေတတ်ပါတယ်။အဲ့ဒီအခါ သင်ညဘက်ကောင်းကောင်းအိပ်လို့မရပဲနေပါလိမ့်မယ်။

ဟင်းသီးဟင်းရွက်

ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့ညအိပ်ရာဝင်ခါနီးတော့မစားသင့်ပါဘူး။ဘာလို့လဲဆိုတော့ ဟင်းသီးဟင်းရွက်တွေမှာအမျှင်ဓာတ်များပြားတဲ့အတွက် ညအိပ်ရာဝင်ခါနီးစားတဲ့အခါ သင့်အစာအိမ်က အနားမရပဲ အစာချေနိုင်ဖို့ကိုကြိုးစားပြီးချေဖျက်နေရပါလိမ့်မယ်။ဒါဆိုညဘက်လည်းကောင်းကောင်းအိပ်မပျော်ပဲ နိုးတစ်ဝက်ဖြစ်နေမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*