လူသားတွေ လှောင်အိမ်ထဲရောက်ရတဲ့ တိရစ္ဆာန်ရုံ

တရုတ်နိုင်ငံ၊ ချုံကင်းမြို့က လီဟီလီဒူတောရိုင်းတိရစ္ဆာန်ဥယျာဉ်ဟာ လာရောက်လည်ပတ်သူတွေကို သံလှောင်အိမ်တပ်ထားတဲ့ကားနဲ့ တိရစ္ဆာန်ရုံအနှံ့လိုက်ပို့ပေးဖို့ ကြိုတင်မှာကြားမှုတွေ တော်တော်များများရရှိနေပါတယ်။

သံလှောင်အိမ်ထဲက လာရောက်လေ့လာသူတွေဟာ ကြက်အရှင်တွေကိုသုံးပြီး ဘင်္ဂလားကျားတွေ၊ ကျားဖြူတွေနဲ့ ဝက်ဝံတွေကို မြူဆွယ်နိုင်ပြီး အနီးကပ်ကြည့်ရှုနိုင်ပါတယ်။

သံလှောင်အိမ်ထဲကနေပြီးတော့လည်း သတ္တိရှိတဲ့ဧည့်သည်တွေက ခြင်္သေ့တွေ၊ ကျားတွေကို အပေါက်လေးတွေထဲကနေ အစာကျွေးနိုင်ပါသေးတယ်။

ဒီတိရစ္ဆာန်ရုံကို ၂၀၁၅ ခုနှစ်က စဖွင့်ခဲ့တာဖြစ်ပြီး နောက် ၃ လအထိ လာရောက်လည်ပတ်ဖို့ ကြိုတင်မှာကြားထားတာတွေအပြည့်ပဲလို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*