
ဒီလိုအချက်တွေကသင့်နှလုံးမကောင်းတော့ဘူးဆိုတာကိုပြောပြနေမှာပါ…
1. လက်မောင်းတစ်ခြမ်းအောင့်မယ်
သင့်ရဲ့လက်မောင်တစ်ခြမ်းက တော်တော်လေးကို အောင့်ပြီးကိုက်ခဲနေတာမျိုးဖြစ်ရင် သေချာစစ်ဆေးသင့်ပါပြီ။ ဒီတိုင်းကိုက်လို့ခဲလို့အောင့်တာမျိုးမဟုတ်ပဲ သင့်နှလုံးမကောင်းတာမျိုးဖြစ်နိုင်ပါတယ်။
2. ချောင်းတွေဆိုးတာမျိုး၊ချောင်းဆိုးရင်းမောပြီးသွေးပါတာမျိုး
ချောင်းတွေမကြာခဏဆိုးတတ်ပြီး ချောင်းဆိုးတိုင်း အမောဖောက်သလို မောပန်းကာသွေးးပါတတ်ရင်တော့သတိထားသင့်ပါပြီ။
3. ခြေထောက်လက်ထောက်တွေရောင်ရမ်းတာမျိုး
ခြေဆစ်လက်ဆစ်တွေ ခြေချင်းဝတ်တွေဖောရောင်နေပြီး တင်းတင်း ကြီးဖြစ်နေတယ်ဆိုရင်ဒါလည်းနှလုံးမကောင်းတဲ့လက္ခဏာတစ်ရပ်ဖြစ်နိုင်တာပါပဲ။
4. သူများထက်ပိုပြီးစိတ်ပူပန်တာမျိုးစိတ်ညစ်တာမျိုးဖြစ်လွယ်တယ်
စိတ်ပူပန်မှုတွေသောကတွေကိုသူများထက်ပိုပြီး လိုအပ်တာထက်ပိုခံစားတတ်ကြပါတယ်။ တော်ရုံကိစ္စနဲ့တင်စိတ်ညစ်တတ်ပြီးပိုပြီး Feel တတ်ကြတာမျိုးပါ။
5. သူများထက်ပိုပြီသက်လုံအားနည်းတယ်
သက်တူရွယ်တူတစ်ခြားသူတွေထပ်ကိုပိုပြီးသက်လုံမကောင်းတာမျိုးဖြစ်တတ်ပါတယ်။ တော်ရုံမောပန်းတာနဲ့တင် တစ်ဟောဟောဖြစ်နေတာမျိုး တော်ရုံစိတ်လှုပ်ရှားတာနဲ့တင် အသက်ရှုကြပ်တတ်သွားတာမျိုးတွေကနှလုံးသမားတွေရဲ့လက္ခဏာပါပဲ။
Leave a Reply