မိမိခင်ပွန်း ကိုယ့်အနား ကပ်စေသော ဗေဒင် ယတြာ..

ဗေဒင် ဆရာတွေဆီကို အများဆုံးလာကြတဲ့ ဧည့်သည်တွေထဲမှာ အများဆုံးက အိမ်ထောင်ရေး အချစ်ရေးကိစ္စ တွေများတယ်။ လက်ရှိ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေတဲ့ သူတွေပါတယ်။ တစ်ချို့ကြတော့လည်း မိမိ အိမ်ထောင်ရေးကို အဆင်မပြေ ဖြစ်လာမှာကို စိုးရိမ်တဲ့လူတွေပါတယ်။ ယောင်္ကျားအိမ်ကနေ ဆင်းသွားလို့ ၊ မိန်းမ အိမ်ကနေ ဆင်းသွားလို့ အစုံပါပဲ။

တစ်ချို့အိမ်ထောင် မကျသေးတဲ့ လူတွေကြတော့လည်း အချစ်ရေးပေါ့။ အချစ်ကို ကိုးကွယ်နေကြတဲ့ သူတွေပေါ့။ များသောအားဖြင်းအသက်(၂၀) ပါတ်ဝန်းကျင် အရွယ်တွေများတယ်။ သူတို့တွေ မေးနေကျ မေးခွန်းတွေက အခု အခစ်ရေးကောင်းလားတဲ့။ ချစ်သူနဲ့ ဒီနှစ် အဆင်ပြေမှာလားတဲ့။ ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား။ ချစ်သူနှင့် ဖူးစာပါရဲ့လား။ ဘယ်တော့ လက်ထပ်ဖြစ်မလဲ။ အချစ်ရေးလည်း အစုံပါပဲ။


နောက် ကျွန်တော် လက်ရှိနေထိုင်နေတဲ့ ထိုင်းနိုင်ငံက ရွေ့ပြောင်း အလုပ်သမားတွေကြားက အချစ်ရေး အိမ် ထောင်ရေး ကိစ္စတွေဟာ တစ်ခါတစ်လေ ကံကြမ္မာကြောင့် ဖြစ်တယ်လို့ ဆိုပေမယ့် များသောအားဖြင့် ကတော့ ကိုယ်ညံ့လို့ ကိုယ်ခံရတာတွေရယ် ၊ အတွေးအခေါ် ဗဟုသုတနည်းတာရယ် ၊ ပညာမတတ်တာတွေကို အခြေခံတာများတယ်။ နောက်တစ်ခုက ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု့နဲ့ ဘဝနဲ့ရင်းပြီး ရလာတဲ့ သင်္ခန်းစာတွေ မရှိတာကြောင့် များမယ်ထင်တယ်။

အမှန်အတိုင်းပြောရရင် ကျွန်တော်ရဲ့ ဗေဒင်ဟောခန်လေးထဲမှာ နေ့စဉ်နှင့်အမျှ အိမ်ထောင်ရေးကိစ္စ အချစ်ရေး ကိစ္စတွေနဲ့ ကင်းလွတ်တဲ့နေ့ရယ်လို့ မရှိသလောက်ပါပဲ။ကျွန်တော်ဟာ နေ့စဉ်နေ့တိုင်း ဒီအိမ်ထောင်ရေး အချစ် ရေး ကိစ္စတွေကို ကြုံကြိုက်ရတာများတယ်။ ရွေ့ပြောင်းအလုပ်သမားတွေဟာ များသောအားဖြင့် ပညာရေး အဆင့်အတန်း နိမ်ကျတာများတယ်။ ပညာတတ်တွေနည်းတယ်။ (၅)တန်းအောင်ဆိုတာ အများဆုံးပဲ။ တော်တော်များများက ကိုယ့်နာမည်တောင် ကိုယ်ကောင်းကောင်း မရးတတ်ကြဘူး။

များသောအားဖြင့် အသက် (၁၆)နှစ်လောက် ကျော်လာဂင်ပဲ အိမ်ထောင်ပြုဖို့ စဉ်းစားနေကြပြီ။ မင်္ဂလာဆောင်တွေ ဖိတ်လို့ သွားရပြီဆိုရင် သတိုးသားနဲ့ သတိုးသမီးက နှစ်ယောက်ပေါင်းမှ အသက်က(၃၀) ဆိုတော့ ငယ်ရွယ်လွန်းတဲ့ သူတို့လေးတွေရဲ့ အိမ်ထောင်ရေး ရေရှည်မတည်တန့်မှာကို စိုးရိမ်မိတယ်။ များသော အားဖြင့်ကတော့ အိမ်ထောင်ရေး အဆင်မပြေတာက များပါတယ်။ တော်တော် မိဘ အုပ်ထိန်းမှု့ ကောင်းတဲ့ သူတွေလောက်ပဲ အဆင်ပြေကြတာ။

နောက်တစ်ခုက ဘာသာရေးနှင့် ကင်းကွာနေတာကလည်း သူတို့အတွက် အဆင်မပြေမှု့ တစ်ခုပါပဲ။ များသော အားဖြင့် ဘာသာတရားကို နက်နက်ရှိုင်း ယုံကြည်ကိုးကွယ် နေတဲ့သူဟာ အမှား လုပ်တာနည်းတတ်တယ်။ သူရဲ့ မကောင်းတဲ့ စိတ် တော်တော်များများဟာ ဘာသာတရားရဲ့ ဆုံးမ သွန်သင်မှု့အောက်မှာ ယဉ်ကျေးသိမ်မွေ့ သွားတာများပါတယ်။ အခု ကျွန်တော်တို့ နေထိုင်နေရတဲ့ ပါတ်ဝန်းကျင်မှာ ဘယ်မှာလဲ ဘာသာရေး ဆုံးမမှု့။ တစ်ခါတစ်လေလောက်မှ မြန်မာပြည်က ဘုန်းတော်ကြီးတွေ ပင့်ပြီး တရားပွဲ ကျင့်ပကြတာ။ ဒါတောင် တရားပွဲ ကို မလာနိုင်ကြတဲ့ လူက များပါတယ်။

နောက်ဒီမှာက သူ့လင်ကို ငါခိုး သူ့မယားကို ငါကလု။ ဒီလို အဖြစ်အပျက်တွေက အတော်များတယ်။ အဓိကတ ရားခံကတော့ လက်ကိုင်ဖုံးပါ။ဖုံနံပါတ်ရပြီးဖုံးထဲကနေချစ်သူရည်းစားတွေ ဖြစ်သွားကြတာက အများစုပဲ။ တစ်ယောက်နဲ့ တစ်ယောက် မြင်တောင်မမြင်ဘးူဘူး။ နေ့တိုင်း ဖုံးတွေဆက်ကြ စကားတွေပြောကြနဲ့။ ကြာတော့ သံယောဇဉ်တွေ ဖြစ်ကြရော။ ဖုံးစကားမပြောရရင်တောင် သူတို့မှာ မနေနိုင်လောက်အောင် စွဲလမ်းသွားကြတာ။

အပြင်မှာတွေ့ကြ ရအောင်လို့လည်း ချိန်းရော ကောင်လေးက အသက်(၁၈) ကောင်မကြီးက အသက်(၄၀) ။ ဟာ ရှုပ်ကုန်ရော။ တစ်ခါတစ်လေကျတော့လည်း ကောင်မလေးက ငယ်ငယ် ကောင်ကြီးက အသက်(၅၀) ၊ တစ်ခါတစ်လေကြ အိမ်ထောင်လက်ရှိ ရှိနေတဲ့ သူတွေ ။ အို အစုံပါပဲ။ အဲဒီလို အခြေအနေနဲ့တွေ့ကြ ဆုံကြရတဲ့ သူတို့တွေရဲ့ အချစ်ရေး အခမ်ထောင်ရေး ဘယ်လို သာယာကြပါ့မလဲ။ ထားပါတော့…

နောက်ဆုံးကြတော့ ဗေဒင်ဆရာဆီ ရောက်လာပြီ။ ဆရာရယ် အဆင်ပြေအောင် လုပ်ပေးပါတဲ့။ ကဲ..ဒါဆို နင့်ယောင်္ကျားက ဘာနေ့သားလည်းဆိုတော့ မသိဘူးတဲ့။ အဲဒီလောက် ကိုယ့်ယောက်ျား အကြောင်း ကိုယ်သိ တာ။ ကိုယ့်ယောက်ျားက ဘာနေ့သားလည်း ၊ ဘယ်ဇာတိလည်း၊ သူမိဘက ဘာမျိုးရိုးလည်း ၊ တစ်ခုမှကို မသိတာ။ ကရင်မှန်းမသိ ၊ ဗမာမှန်းမသိ။ မွန်လား ရှမ်းလား လုံး၀ မကွဲပြားဖူး။

အခု ကျွန်တော်အဓိက ပြောချင်တာက အိမ်ထောင်ရေး အဆင်မပြေဘူး။ ကိုယ့်ယောကျ်ား ကိုယ့်အနားကို အနားမကပ်ဘူးဆိုရင် အောက်ပါ ယတြာနည်းအတိုင်း ဆောင်ရွက်ကြည့်လိုက်ပါ။ အနားမကပ်တဲ့ လင် အနားမှာကပ်ပြီး အမြဲတမ်း ချစ်ချစ်ခင် ဖြစ်သွားပါတယ် ဆိုတာကို စေတနာကောင်းဖြင့် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

လင်ယောက်ျားကိုယ့်အနားကပ်အောင်

လင်ဗန်းထဲမှာ မိမိဝတ်နေကျ နားကပ်ကိုထည့်ပါ။ ရေသန့်တစ်ဗူးလောက် လောင်းထည့်လိုက်ပါ။ ပြီးရင် အဲဒီနားကပ်ရေစိမ်ကိုမိမိလင်ယောက်ျားကိုတိုက်ပါ။ဒါမှမဟုတ်မိမိလင်ယောက်ျား သောက်တတ်တဲ့
ရေထဲမှာ ထည့်ထားလိုက်ပါ။ ဒါမှမဟုတ် အဲဒီရေနဲ့ ထမင်းဟင်းချက်ပြီး ကိုယ့်ယောင်္ကျားကို
ကျွေးမွေးပါ။ ဒါဆိုရင် ကိုယ့်အနားကို လုံး၀ မကပ်တဲ့ လင် အရမ်းကပ် အရမ်းချစ်သွားပါကြောင်း…

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသောစေတနာကောင်းဖြင့်…..

Be the first to comment

Leave a Reply

Your email address will not be published.


*