ကိုယ်တိုင်ဘွဲ့မသွားယူနိုင်တော့တဲ့ ကင်ဆာရောဂါရှင်ကျောင်းသူကို ဆေးရုံအထိ ဘွဲ့လတ်မှတ်အပ်နှံချီးမြင့်ခဲ့ကြတဲ့ ဆရာများ ( ရုပ်သံ)

တက္ကသိုလ်ကို 4နှစ်လောက်ထိတက်ပြီး ဘွဲ့တစ်ခုရဖို့ အချိန်ပေး ၊ ကြိုးစားခဲ့ရတာတွေက တစ်ကယ်တမ်းတော့မလွယ်ကူလှပါဘူး ။ ဒါကြောင့် ဘဝရဲ့နောက်ထပ်ခြေတစ်လှမ်းကို လှမ်းနိုင်ဖို့ ပညာသင်ယူပြီးမြောက်ပြီးကြောင်း ဘွဲ့လတ်မှတ်တစ်ခုတက်ယူဖို့ ကျောင်းသူ ၊ကျောင်းသား တွေက အတော်လေးစိတ်လှုပ်ရှားကာ ဘွဲ့သဘင်အခမ်းအနားကို ကိုယ်တိုင်ကိုယ်ကျတတ်ယူချင်ကြမှာပါပဲလေ ။

သို့်ပေမဲ့ ဒီတစ်ခေါက်ဖော်ပြမဲ့ ထိုင်းနိုင်ငံက ကျောက်ကပ်ကင်ဆာရောဂါရှင် ကျောင်းသူလေးကတော့ အခြားသူတွေလို ပျော်ပျော်ရွှင်ရွှင်ဘွဲ့လတ်မှတ်တက်ယူဖို့ဆိုတာ သူမအတွက်လုံးဝမဖြစ်နိုင်တော့ပါဘူး ။ ကင်ဆာဝေဒနာနောက်ဆုံးအဆင့်ကို ခံစားနေရလို့ ဆေးရုံကုတင်မှာသာလဲနေခဲ့ရတာပါ ။ ဒါကြောင့် သူမကိုတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်နဲ့ ဆရာ/ဆရာမတွေကိုယ်တိုင် သူမရှိရာဆေးရုံခန်းထဲထိအရောက်လာပြီး သူမကြိုးစားအားထုတ်ခဲ့လို့ ရရှိခဲ့တဲ့ဘွဲ့လတ်မှတ်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်အပ်နှံချီးမြင့်ခဲ့ပါတယ် ။

ကျောင်းသူလေးမှာတော့ သူမအဖြစ်ကြောင့် အတော်လေးကိုဝမ်းနည်းပူဆွေးပြီးမျက်ရည်ကျနေခဲ့ပေမဲ့လည်း ဆရာတွေကိုအတော်လေးကျေးဇူးတင်နေခဲ့တာပါ ။ ဆရာတွေကလည်း သူမကိုအားပေးစကားများပြောဆိုခဲ့ကြပါတယ် ။ အဆိုပါမြင်ကွင်းဟာ ကြည့်ရှု့သူတွေကို ဝမ်းနည်းမျက်ရည်ကျစေခဲ့ပြီး တစ်ဖက်မှာလည်း ဆရာတွေရဲ့လုပ်ရပ်က အတော်လေးလေးစားဖို့ကောင်းတာကိုတွေ့မြင်ရမှာပါ ။

Video လေးက social media ပေါ်မှာ အတော်လေးပျံ့နှံ့နေပြီး ကြည့်ရှုသူအများအပြားရရှိထားတဲ့ video တစ်ပုဒ်လေးပါ ။

Be the first to comment

Leave a Reply

Your email address will not be published.


*