အိပ်စက်အနားယူနိုင်ဖို့ သန့်စင်ခန်းတစ်လုံးကို ငှါးရမ်းပြီး နေထိုင်နေရတဲ့ ဆင်းရဲလွန်းတဲ့အသက် 60 အရွယ်အဘိုးအို

အသက် 60 အရွယ် အဘိုးအိုတစ်ယောက်ဟာ တစ်ရက်ပြီးတစ်ရက် အကုန်အကျသက်သာအောင်ချွေတာပြီး သူ့အတွက်နေအိမ်လို့သတ်မှတ်ထားတဲ့ အိမ်သာအတွင်းမှာနေထိုင်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Maintenance Hong Kong Caring Community Service Team လို့လူသိများတဲ့ NGO အဖွဲ့အစည်းက အဆိုပါအဘိုးအိုကို To Kwa Wan ဆိုတဲ့ခရိုင်ဒေသတစ်ခုမှာရှိတဲ့ သန့်စင်ခန်းတစ်ခုအတွင်းမှာ တွေ့ရှိခဲ့တာပါ ။ အဆိုပါအဘိုးအိုဟာ ဇနီးဖြစ်သူနှင့်ကွာရှင်းပြီးနောက် မိသားစုဝင်တွေနဲ့လည်း လုံးဝအဆက်အသွယ်မရှိတော့တဲ့အပြင် အသက်အရွယ်ကြောင့် အလုပ်အသစ်ရှာဖွေလုပ်ကိုင်လို့မရတော့လို့ ကျန်ရှိနေတဲ့ဘဝတစ်လျှောက် ချွေတာစွာနေထိုင်ရင်း အဆိုအိမ်သာကို ငှါးရမ်းခ တစ်လ 1,700 ယွမ် ပေးပြီး နေထိုင်နေရတာဖြစ်ကြောင်း သိရှိရပါတယ် ။

စေတနာ့ဝန်ထမ်းတစ်ဦးရဲ့ပြောပြချက်အရ အဘိုးအိုမှာ သစ်သာပျဉ်ပြားချပ်တစ်ခုရှိပြီး အဆိုပါပျဉ်ပြားပေါ်မှာ စောင့်ကြောင့်ထိုင်ပြီး အစားအစာ စားသောက်ခဲ့ရကြောင်း နှင့် ခဏကိုယ်တစ်ခုလို ဖြောင့်တန်းပြီးအိပ်လို့ရအောင် အဆိုပါပျဉ်ပြားချပ်ကြီးကိုအသုံးပြီး အိမ်သာအပေါက်ဝကိုပိတ်ကာ အိပ်စက်ခဲ့ရကြောင်း သိရှိရပါတယ် ။ အဘိုးအိုကိုသွားရောက်လည်ပတ်ခဲ့ပေမဲ့ နေရာကကျဉ်းလွန်းလို့ တံခါးပေါက်ဝအနားမှာသာ ရပ်ပြီးစကားပြောခဲ့ရကြောင်း သိရပါတယ် ။

ဟောင်ကောင်မှာရှိတဲ့ အိမ်ခန်းငှါးခတွေဟာ ဈေးကြီးလွန်းလို့ ယခုလိုအဖြစ်ရောက်ခဲ့ရတာဖြစ်ကြောင်း လူအများကသုံးသပ်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအဘိုးအိုကို စေတနာဝန်ထမ်းများက သက်တောင့်သက်သာရှိတဲ့နေရာသို့ ပြောင်းရွှေ့နိုင်အောင် ကူညီပေးနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*