ကိုယ်တိုင်သတိမထားမိပေမဲ့ သင်ကဆွဲဆောင်မှုရှိတဲ့မိန်းကလေးဖြစ်တယ်ဆိုတာပြသနေတဲ့အချက်လေးတွေ…

သင့်ကိုယ်သင် ငါကသူ့လောက်တောင်မလှဘူး၊ရုပ်ဆိုးတယ်၊သူ့လောက်လည်းမတော်ဘူးဆိုပြီးယုံကြည်မှုတွေပျောက်ဆုံးနေပါသလား။တကယ်တော့ လူတိုင်းမှာ ဆွဲဆောင်မှုရှိပါတယ်။သတိမထားမိကြတာပါ။သင်ဘယ်လောက်ထိဆွဲဆောင်မှုရှိပြီးဘယ်လောက်မိုက်လဲဆိုတာ သက်သေပြပေးပါမယ်။မယုံဘူးလား။မယုံရင် အဆုံးထိဆက်ဖတ်ကြည့်လိုက်ပါ။

၁)သင့်ကိုသတိထားမိကြတယ်

ပါတီပွဲကိုသွားတာဖြစ်စေ၊မွေးနေ့ပွဲကိုဖြစ်စေ သင်ရောက်လာတဲ့အခါ သင့်ကိုသတိထားမိတဲ့လူတွေရှိတယ်။သင့်ကိုတေ့ွတွေ့ချင်းစကားလာပြောကြတယ်။တကယ်လို့ဘယ်သူမှစကားလာမပြောရင်တောင် သင်ရောက်လာတာကိုသတိထားကြည့်မိတဲ့သူတွေရှိတယ်ဆိုကတည်းကဒါက သင့်မှာဆွဲဆောင်မှုရှိတယ်ဆိုတာပြနေတာပါပဲ။ဘယ်သူ့ဘယ်သူထက်မှလှစရာမလိုပါဘူး။လူတိုင်းမှာ အလှတရားကိုယ်စီရှိကြပါတယ်။


၂)သင်က ပြုံးရတာနှစ်သက်တယ်

အကောင်းမြင်တဲ့စိတ်၊အမြဲပျော်ရွှင်နေတဲ့စိတ်က ကိုယ်ပိုင်ဆွဲဆောင်မှုတစ်ခုပါပဲ။သင်က ပြုံးရတာကြိုက်တယ်။သူငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့တဲ့အခါပြုံးပြနှုတ်ဆက်မယ်။ပြုံးနေတဲ့အခါ စိတ်ရဲ့အကြည်ဓာတ်နဲ့ ပိုပြီးဆွဲဆောင်မှုရှိသွားတတ်တာ မမေ့ပါနဲ့။ဘယ်သူမှသင်က မလှဘူး၊ဆွဲဆောင်မှုလုံးဝမရှိဘူးလို့ပြောမှာမဟုတ်ပါဘူး။


၃)ကိုယ့်အလှကိုယ်တန်ဖိုးထားတတ်တယ်

ကိုယ့်ကိုယ့်ကိုယ်တစ်ခြားသူတွေနဲ့ယှဉ်နေတာကိုရပ်ပြီး အခုကိုယ့်ကိုယ့်ကိုယ်ပြန်ကြည့်လိုက်ပါ။သင့်မှာ လူတကာနဲ့အဆင်ပြေအောင်ပေါင်းသင်းနိုင်တဲစွမ်းရည်ရှိတယ်။တစ်ခြားသူတွေကိုလည်း အထင်သေးပြီးမနှိမ့်ချတတ်ဘူး။ကိုယ့်အရည်အချင်းကိုယ်အမြဲထက်မြက်နေအောင်ကြိုးစားနေတယ်။ဒါဆိုဒါတွေက သင့်ရဲ့ဆွဲဆောင်မှုတွေပါပဲ။ရုပ်မချောတာက သွားပြင်လို့ရပါတယ်။စိတ်ဓာတ်မလှတာကတော့ သွားပြင်လို့မရပါဘူးနော်။စိတ်ထားလေးလှနေတယ်ဆိုတာကိုက လူလည်းလှနေတာပါပဲ။

၄)တစ်ခြားသူတွေအပေါ် ကူညီပေးချင်စိတ်တွေရှိတယ်

သင့်ထက်အားနည်းသူတွေအပေါ်သနားကြင်နာပြီး ကူညီပေးချင်စိတ်ရှိတယ်။မကြာခဏလည်းကူညီပေးတတ်တယ်။သူများဒုက္ခရောက်နေတာမြင်ရငကျော်မသွားတတ်ပဲ ကူညီပေးတတ်တဲ့စိတ်ကလေးက သင့်ရဲ့ဆွဲဆောင်မှုပါပဲ။ဆွဲဆောင်မှုရှိတယ်ဆိုတာ ရုပ်ချောတာတစ်ခုတည်းကိုပြောတာမဟုတ်ဘူးဆိုတာသဘောပေါက်ပါ


၅)တစ်ခြားသူတွေ သင့်အပေါ်လိမ်တဲ့အခါ သည်းမခံတတ်ဘူး

တစ်ချို့က ကိုယ့်အပေါ်လိမ်နေတာသိတယ်။ဒါပေမဲ့ အားနာလို့၊တစ်ခုခုဖြစ်သွားမှာစိုးလို့ဆက်ပြီးအလိမ်ခံတယ်။ပြီးမှပညာသားပါပါရှောင်ထွက်တယ်။ဒါပေမဲ့သင်ကတော့ သင့်အပေါ်လိမ်နေတယ်ဆိုတာသိတာနဲ့ ဆက်ပြီးအလိမ်ခံမနေပဲ ရအောင်ဖြေရှင်းတတ်တယ်။အမှန်တရားအတိုင်းပဲဖြစ်စေတယ်။သင်ကိုယ်တိုင်လည်းဘယ်သူ့အပေါ်ကိုမှမလိမ်ဘူး။ကိုယ့်အပေါ်လိမ်နေတာသိနေတဲ့အခါ ငြိမ်ခံမနေပဲ ပြတ်ပြတ်သားသားဖြေရှင်းတတ်တာကလည်းသတ္တိရှိတဲ့လုပ်ရပ်တစ်ခုပါ။

ဒီအချက်ထဲက နှစ်ချက်၊သုံးချက်ပြည့်စုံနေရင်ကို သင်ကဆွဲဆောင်မှုရှိတဲ့မိန်းကလေးတစ်ယောက်ပါပဲ။ထပ်ပြောပါမယ်။လူတိုင်းမှာ ကိုယ်စီကိုယ်စီဆွဲဆောင်မှုတွေရှိကြပါတယ်။ကိုယ့်ကိုယ့်ကိုယ်အားငယ်စိတ်နဲ့ရှောင်ပြေးနေတာက သင်ဟာ ဆွဲဆောင်မှုရှိတဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာမသိရအောင်ဖုံးပိတ်နေတာပါ။ကိုယ့်ကိုယ့်ကိုယ်ယုံကြည်မှုအပြည့်နဲ့ရင်ဆိုင်ပါ <3

 

Be the first to comment

Leave a Reply

Your email address will not be published.


*