အမေရဲ့ အခေါင်းကြောင့် သားဖြစ်သူ သေဆုံးခဲ့ရတဲ့ ထိတ်လန့်ဖွယ်ရာ တိုက်ဆိုင်မှု

အင်ဒိုနီးရှားမှာနေထိုင်တဲ့ Samen Kondorura ဆိုတဲ့ကောင်လေးတစ်ယောက် သူ့ရဲ့အမေအခေါင်းကို သယ်ရင်း မတော်တဆခြေချော်ကျမှုကြောင့် သေဆုံးသွားခဲ့ရပါတယ်။

သူတို့ရဲ့ရိုးရာအရ သေသူအလောင်းကို သစ်သားအိမ်လေးပေါ်သို့ သယ်နေချိန် လှေကားပေါ်တက်ချိန်မှာ ခြေချော်ကျပြီး အခေါင်းနဲ့ Samen ခေါင်း ခိုက်မိပြီး ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ပါတယ်။


ဗီဒီယိုကတော့ ဆိုရှယ်မီဒီယာမှာပျံနှံ့သွားခဲ့ပါတယ်။ သူတို့အပေါ်တက်နေချိန် သစ်သားလှေကားက ရုတ်တရက်ကျိုးကျပြီး အခေါင်းသယ်သူအားလုံး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီထဲမှာမှ ကံမကောင်းသူ Samen ဟာ သူ့အမေရဲ့အခေါင်းနဲ့ ပြန်ပြီးသေဆုံးသွားခဲ့ရတယ်။

မျက်မြင်တွေ့သူတွေကတော့ Samen ရဲ့ခေါင်းမှာ ဒဏ်ရာများစွာရရှိသွားတဲ့အတွက် ဆေးရုံကိုသွားတဲ့လမ်းမှာပဲ ဆုံးသွားတယ်လို့ သိရပါတယ်။ ဒီလိုမတော်တဆမှုအတွက် အားလုံးလည်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*