လူတွေ ကို ကပ်ရောဂါဆိုး ကနေ ကယ် တင်ခဲ့တဲ့ သမိုင်း ထဲက လူတစ်ယောက်အကြောင်း

လူတွေဟာ ဘေးဒုက္ခအမျိုးမျိုး ကြုံလာတဲ့ အခါ သူရဲကောင်းတွေ ကယ်တင်ရှင်တွေ ကို မျှော်လင့်တောင့်တကြပါတယ်။ ကမ္ဘာ့ကပ်ရောဂါကြီးတွေ အသီးသီးကြားမှာ ဆေးဘက် ဆိုင်ရာ အကူအညီပေးသူတွေလည်း မြောက်များစွာ ရှိခဲ့သလို၊ စစ်ပွဲတွေနဲ့ အရေးအကြောင်း ကြုံလာတဲ့အခါမှာတော့ ငြိမ်းချမ်းရေးတွေ အပစ်အခတ် ရပ်စဲရေးလှုပ်ရှားသူတွေနဲ့ ကမ္ဘာ ကြီးကို အသက်ဆက်စေခဲ့တာ အစဉ်အလာတွေ ရှိခဲ့ပါတယ်။

ယနေ့သုံးနေကြတဲ့ ကျန်းမာရေး မျက်နှာဖုံး Mask တွေကလည်း လူသားထုရဲ့ အသက် အန္တရာယ်ကို အမြောက်အများ ကယ်တင်နိုင်ခဲ့ပါတယ်။ Mask ဟာ လူအချင်းချင်းကပဲဖြ စ်ဖြစ် တိရစ္ဆာန်တွေကဆီပဲဖြစ်ဖြစ် ကူးစက်လာနိုင်တဲ့ ရောဂါဆိုးတွေကို ယေဘုယျအားဖြင့် တားဆီးပေးနိုင်ပြီး၊ သုံးစွဲသူကို အကျိုး မယုတ်စေပါဘူး။

အခု ပရိသတ်ကြီးကို ဗဟုသုတ အဖြစ်နဲ့ မျှဝေချင်တာက ယနေ့ခေတ် မှာ လူသုံး များနေတဲ့ N95 Mask ကို ဘယ်သူက တီထွင်ခဲ့တာလဲ … ဘယ်တုန်းက တီထွင်ခဲ့ တာလဲဆို တဲ့အကြောင်းလေးပါ။ N95 မပေါ်သေခင်က ကမ္ဘာပေါ်မှာ ကပ်ရောဂါ ဆိုးကြီးတွေ ကျရော က်ခဲ့ပါတယ်။ အထူးသဖြင့် ကူးစက်ရောဂါဆိုးတွေပါ။

(၁၉၁၀-၁၁)မှာ တရုတ်နိုင်ငံ မှာ ပလိပ်ရောဂါ ဆိုးကြီး ကျရောက်ခဲ့ပါတယ်။ ဒီရောဂါဆိုး ကြီးကြောင့် လူပေါင်းသောင်းနဲ့ချီ သေဆုံးခဲ့ပါတယ်။ ဒီလိုကျင်းထဲကျပ်ထဲမှာ ကယ်တင် ရှင်ပေါ်လာခဲ့ပါတယ်။ တရုတ်ဒေါက်တာတစ်ဦးပါ။ သူ့အမည်ကတော့ Wu Lien-teh ဖြစ်ပါတယ်။ သူဟာ မလေးရှားနိုင်ငံ၊ ပီနန် ဇာတိပါ။ ဖခင်ကတရုတ် မိခင်က မလေးရှား ဖြစ်ပါတယ်။

ဒေါက်တာဖြစ်တော့ သူဟာ တရုတ်နိုင်ငံ မှာပဲ အသက်မွေးဝမ်းကြောင်း ပြုခဲ့ပါတယ်။ သူဟာ ကပ်ဆိုးကြီးအတွင်းမှာ အလွန်အရေးပါတဲ့ N95 မျက်နှာဖုံးကို အောင်မြင်စွာ တီထွင်နိုင် ခဲ့ပါတယ်။ ဒီတီထွင်မှုကြောင့် ဒေါက်တာ Wu ဟာ နိုဘယ်လ်ဆုစာရင်းကိုတောင် ဝင် ရောက်နိုင် ခဲ့တာပါ။

Wu ဟာ အလွန်တော် ခဲ့တဲ့ ကျောင်းသား တစ်ဦးလည်းဖြစ်ပြီး တရုတ်ဆေးကျောင်း သား တွေထဲမှာ ကိမ်းဘရစ်ချ်တက္ကသိုလ်ကို တက်ရောက်ခွင့်ရတဲ့ ပထမဆုံး တရုတ်နိုင်ငံသား ဖြစ်ခဲ့ပါတယ်။ ဒီလိုပဲ နိုဘယ်လ်ဆုစာရင်းမှာ အမည်စာရင်း တင်သွင်းခံရသူအဖြစ် မလေး ရှားလူမျိုးတွေထဲမှာ ပထမဆုံး ဝင်ရောက်ခဲ့သူအဖြစ် မလေးရှားဂုဏ်ကို ဆောင်နိုင်ခဲ့ပါတ ယ်။

တရုတ်ပလိပ်ကပ်ဆိုးဟာ ရောဂါပိုး ကူးစက်ခံရတာနဲ့ သေတာပါဘဲ။ နာရီပိုင်းသာ ခြားနာ ပါတယ်။ တစ်ချို့က (၂၄)နာရီအတွင်း၊ တစ်ချို့က (၄၈)နာရီအတွင်း သေဆုံးကြရပါတယ်။ တရုတ်နိုင်ငံဟာ ရောဂါပိုးကို နိုင်နင်းခြင်းမရှိသေးမီမှာ Wu တီထွင်လိုက်တဲ့ Mask က လူသားထုသိန်းနဲ့ချီ၊ သန်းနဲ့ချီရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*