သင်တွဲနေတဲ့ချစ်သူဟာ သင့်စိတ်တူကိုယ်တူ လက်တွဲဖော်စစ်စစ် ဟုတ်မဟုတ်ဆိုတာ ဒီအချက်ကလေးတွေက ပြောပြပေးနိုင်

သင့်လက်ရှိချစ်သူဟာ သင့်ကိုတကယ်ချစ်မြတ်နိုးတဲ့သူ ဟုတ်ရဲ့လား။ သင်လက်မလွှတ်သင့်တဲ့ သင့်လက်တွဲဖော်အစစ် ဟုတ်ရဲ့လားဆိုတာ ဒီအချက်လေးတွေကို ကြည့်ပြီး ဖော်ထုတ်နိုင်ပါတယ်။

၁။ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်တာနဲ့ သူဘာတွေ တွေးနေတယ်ဆိုတာ သိကြတယ်။

၂။ သူသာမရှိရင်ဆိုပြီး တွေးတောင်မတွေးကြည့်ချင်ဘူး။


၃။ အားသစ်အင်သစ်တွေနဲ့ ရှေ့ဆက်နိုင်အောင် သူတို့က တစ်ဖက်တစ်လမ်းက တွန်းအားပေးနေတတ်တယ်။

၄။ ကိုယ်ဒေါသထွက်တဲ့အချိန် ပြန်တည်ငြိမ်သွားအောင်၊ စိတ်ဖိစီးမှုတွေရှိနေရင် ကိုယ့်ကို သက်သာသွားအောင် ဘယ်လိုလုပ်ဆောင်ပေးရမလဲဆိုတာ သူသိတယ်။

၅။နှစ်တွေကြာလာသည့်တိုင် တစ်ဦးနဲ့တစ်ဦး ရိုးသွားတာမျိုး မရှိပဲ အချစ်တွေသာ တိုးလာတယ်။

၆။သူနဲ့အတူ ရှိနေချိန်တွေမှာ သင်ဟာ ပေါ့ပေါ့ပါးပါးနဲ့အဆင်ပြေပြေအမြဲရှိတယ်။

၇။တစ်ယောက်နဲ့တစ်ယောက် ခွဲခွာနေချိန်တွေမှာ ရရင်ရသလို တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်တယ်။ တစ်ယောက်ရဲ့တစ်နေ့တာ အတွေ့အကြုံကို တစ်ယောက်က သေချာနားထောင်ပေးတယ်။

၈။တစ်ယောက်နဲ့တစ်ယောက် သိလာချစ်လာခဲ့ကြတာ နှစ်ပေါင်းမနည်းတော့ဘူးလို့ အမြဲခံစားရတယ်။

၉။ပြသနာတစ်ခုခု ဖြစ်ပြီးတိုင်း အေးချမ်းစွာ ပြီးဆုံးနိုင်အောင် ညှှိုနှိုင်းတတ်ကြတယ်။

၁၀။သူ့မိသားစုဆိုတာလည်း ကိုယ့်မိသားစုလိုပဲ ဖြစ်နေပြီ။

၁၁။ သူနာကျင်ခံစားရတဲ့အခါ ကိုယ်ပါ လိုက်ခံစားရတယ်။ သူပျော်ရွှင်တဲ့အချိန်တွေဆိုလည်း ကိုယ်ပျော်ရွှင်မိတာပဲ။

၁၂၊ကိုယ့်အိပ်မက်တွေ အမှန်တကယ် လက်တွေ့မှာ ဖြစ်လာအောင် သူက ပံ့ပိုးပေးတယ်။

၁၃။နှစ်ယောက်ပေါင်းလိုက်ရင် အကောင်းဆုံးစုံတွဲ။ စစ်မှန်တဲ့အသင်းအဖွဲ့တစ်ခုလို ဖြစ်သွားရော။

၁၄။မသိစိတ်မှာကိုက သူဟာ ငါ့တစ်ဘဝလုံးစာ ချစ်ရမယ့်သူလို့ ယုံကြည်ပြီးသွားပြီ။

၁၅။ကိုယ့်ရဲ့ အကောင်းရော အဆိုးတွေပါ သူနားလည်သိရှိပြီးဖြစ်သလို ဒါတွေကို လက်ခံပေးနိုင်တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*