ရေစီးသန်တဲ့မြစ်ကိုဖြတ်ကူးပြီးမှ ကျောင်းကိုရောက်မယ်ဆိုတော့လည်း…(ရုပ်သံ)

မိဘတွေက ဘယ်လောက်ပဲငွေကြေးနွမ်းပါးပါစေ သားသမီးတွေအတွက်ပိုပြီးကောင်းမွန်တဲ့ဘဝတစ်ခုရဖို့ ပညာသင်ပေးမှရမယ် ဆိုတာကိုနားလည်လက်ခံထားသူတွေဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံက မိဘတွေဟာလည်း သူတို့သားသမီးတွေ ပညာတတ်မှသာ အောင်မြင်မှုပန်းတိုင်ကိုရောက်မယ်လို့ယုံကြည်ထားကြပါတယ်။ဒါပေမဲ့ ကလေးတွေက ဘယ်လောက်ပဲ ပညာသင်ချင်သင်ချင် နေရာဒေသအချို့မှာသွားရေးလာရေးအခက်အခဲကြောင့် ကျောင်းကိုမနည်းရောက်အောင်သွားနေရပါတယ်။


ကျောင်းနဲ့အိမ်က တစ်နယ်စီလောက်ခြားနေရင်တော့ စာသင်မယ့်ကလေးတွေအတွက် အရမ်းကိုကြန့်ကြာ အနှောင့်အယှက်ဖြစ်ရ ပါတယ်။ပြီးတော့ကျောင်းကိုရောက်ဖို့ ကြားထဲကလမ်းခရီးက အန္တရာယ်လည်းများပါ့။ဖိလစ်ပိုင်နိုင်ငံက Butay Integrated School မှာ ကလေးတွေအများအပြား စာသင်ကြပါတယ်။ဒါပေမဲ့ ဒီကျောင်းကိုရောက်ဖို့ ရေစီးသန်တဲ့မြစ်ကိုလည်း ဖြတ်သန်းရပါသေးတယ်တဲ့။အစိုးရက မြစ်ကိုဖြတ်ကူးဖု့ိတံတားဆောက်ပေးခဲ့ပေမဲ့ ရေလွှမ်းမိုးခံရတာကြောင့်တံတားပျက်စီးသွားခဲ့ရပါတယ်။


အဲ့ဒါကြောင့်စာသွားသင်ဖို့အတွက် ကလေးတွေက ကြိမ်ပင်ကိုသုံးပြီးကေဘယ်လ်တံတားလိုလုပ် ကာဖြတ်ကူးရပါတယ်။အန္တရာယ်များပေမဲ့လည်း ပညာတတ်မှရမယ်ဆိုတဲ့အသိနဲ့သူတို့လေးတွေ ကြိုးစားနေကြ တာပါ။ဒီလိုမျိုးကလေးတွေအန္တရာယ်များတဲ့ကြားထဲက ကျောင်းလာ တက်နေရတာကို ကျောင်းအုပ်က ဗီဒီယိုရိုက်ပြီးအွန်လိုင်းမှာတင်ခဲ့ရာကနေပျံ့နှံသွားခဲ့ပြီး

အခုဆိုရင် အခက်အခဲဖြစ်နေတဲ့ ကလေးငယ်တွေအတွက် သွားရေးလာရေးအဆင်ပြေအောင်လုပ်ပေးမယ်ဆိုတဲ့ကတိကို သက်ဆိုင်ရာ အစိုးရဆီကနေရရှိခဲ့ပြီလို့ သိရပါတယ်။မကြာခင်ကလေးတွေသွားရေးလာရေးလွယ်ကူပြီး အဆင်ပြေပြေနဲ့စာသင်ကြားနိုင် မယ်လို့မျှော်လင့်ရပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*