စေတနာကောင်းတဲ့မမချောချောလေးတွေကြောင့်အသက်လည်းရှင်နို့လည်းဝခဲ့ရတဲ့ကောင်လေး

ဖိလစ်ပိုင်နိုင်ငံကနာမည်ကြီးFast Food စတိုးဆိုင်တစ်ခုရဲ့ရှေ့မှာ ကလေးငယ်(ယောင်္ကျားလေး)မွေးကင်းစပိစိလေးဟာ ဘယ်သူလာပစ်လို့ပစ်ထားမှန်းမသိတစ်ငိုငိုနဲ့ရောက်ရှိလို့နေခဲ့ပါတယ်။

ကလေးငယ်လေးဟာ ဘယ်အချိန်ထဲကဒီနေရာကိုရောက်နေမှန်းမသိပေမဲ့တော်တော်လေးကို ငိုကြွေးမြည်တမ်းရင်းဆာလာနေပုံရပါတယ်။ ဒါနဲ့ပဲ စတိုးဆိုင်ကဝန်ထမ်းကောင်မလေးဟာ ကောင်လေးကိုသူတို့ရဲ့အထက်ကSupervisor မမဆီခေါ်သွားကလေးလေးကို သွားပြခဲ့ပါတယ်။ချစ်စရာအမူအယာနဲ့ကောင်လေးမလို့ တစ်ဆိုင်လုံးကဝန်ထမ်းတွေကမြင်မြင်ချင်းဆိုသလိုကလေးကလေးကို ချစ်သွားကြပြီး နို့ဆာနေတယ်လို့ထင်လို့

နို့ချိုပါတိုက်ကျွေးရင်းခေါ်ယူမွေးစားဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ သဘောကောင်းတဲ့ စတိုးဆိုင်ကအလုပ်သမားဝန်ထမ်းမမတွေကြောင့် ချစ်စရာကောင်းတဲ့ ကလေးလေးဘဝဟာ ကံကောင်းသွားတယ်လို့ဆိုရမလားပါပဲ။ ကလေးတစ်ယောက်ကို တာဝန်မယူနိုင်မမွေးနိုင်ဘူးဆိုရင် အစတည်းကမမွေးကြပဲ နေကြပါလားလို့ပြောလိုက်ချင်ပါတယ်။

အခုနောက်ပိုင်းမှာဆိုရင်လွယ်လွယ်မွေးလွယ်လွယ်ပစ်ကလေးလေးတွေများလာပြီး အသက်တစ်ချောင်းကိုတန်ဖိုးထားရကောင်းမှန်းမသိလို ကိုယ့်သားသမီးကို စောင့်ရှောက်ရကောင်းမှန်းမသိတဲ့မိဘတွေများများလာကြတာစိတ်မကောင်းစရာပါပဲ….

 

Be the first to comment

Leave a Reply

Your email address will not be published.


*