ပီဇာမုန့်နဲ့ လက်ထပ်သူ

ရုရှားနိုင်ငံသားတစ်ဦး ပီဇာမုန့်နဲ့ လက်ထပ်လိုက်သည်။ အမျိုးသမီးတစ်ယောက်နဲ့ အိမ်ထောင်ပြုရမည့်အရေး တွေးကြည့်ရုံနှင့် စိတ်မောလူမော ဖြစ်ရသဖြင့် ဖိစီးမှုကင်းကင်း ဘဝမျိုး နေချင်သောကြောင့် ပီဇာမုန့်နဲ့သာ လက်ထပ်လိုက်သည်ဟု အမည်မဖော်သူ ထိုသူက ပြောသည်။

Daily Star သတင်းစာတွင် ဖော်ပြထားချက်အရ “လူသားနှစ်ယောက်ကြား ချစ်ဇာတ်လမ်းဟာ သိပ်ရှုပ်ထွေး နက်နဲ ပင်ပန်းလှပါတယ်။ ကျွန်တော်က အစားကို သိပ်ချစ်တဲ့သူ။ အထူးသဖြင့် ပီဇာဆို သိပ်ကြိုက်။ ဘယ်လို အခြေအနေမျိုး ဖြစ်ဖြစ် ကျွန်တော် အချစ်ဆုံးက ပီဇာပဲ။ ပီဇာဟာ ကျွန်တော့်ကို ငြင်းမလွှတ်ဘူး၊ မလှည့်စားဘူး၊ အမြဲ ပွင့်လင်းတယ်၊ ရိုးသားတယ်။ ဒါကြောင့် ကျွန်တော်ချစ်တယ်”ဟု ထိုသူက ဆိုထားသည်။

ထိုသူသည် ပီဇာမုန့်နှင့် လက်ထပ်ပွဲကိုပါ ဆင်နွှဲခဲ့သည်။ ရုရှား တရားရေးစနစ်နှင့် ဘုရားကျောင်းတို့အနေဖြင့် ပီဇာမုန့်နှင့်လူသား လက်ထပ်ပွဲကို အသိအမှတ် ပြုပေးနိုင်ခြင်း မရှိသည့်တိုင် ထိုသူသည် ရိုးရာအစဉ်အလာ လက်ထပ်ပွဲအတိုင်း ပီဇာမုန့်နဲ့ လက်ထပ်ခဲ့သည်။

လက်ထပ်ပွဲကို ထိုသူနေထိုင်ရာ ရုရှားတောင်ပိုင်း တွမ့်စ်ခ်မြို့ရှိ ပီဇာမုန့်ဆိုင် တစ်ဆိုင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။ ထိုသူကိုယ်တိုင် ဖန်တီးထားသော လက်ထပ် စာချုပ်လည်း ပါဝင်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*