အနှစ်သုံးဆယ်လောက် သက်ရှိရုပ်တုအဖြစ် လုပ်ကိုင်ခဲ့သူ

အသက် ၅၄နှစ်အရွှယ်ရှိ အိန္ဒိယနိုင်ငံသား Abdul Aziz ဟာ တမူထူးခြားလွန်းတဲ့ အလုပ်အကိုင်တစ်ခု ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ Aziz အနေနဲ့ သက်ရှိရုပ်တုအဖြစ် ဆယ်စုနှစ်သုံးခုလောက်ကို ဝင်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ဒီလိုထူးဆန်းတဲ့ အလုပ်မျိုး ဘယ်လိုလုပ်ကိုင်ဖြစ်ခဲ့သလိုဆိုတာကို ဖော်ပြပေးသွားချင်ပါတယ်။

အိန္ဒိယရဲ့ရုပ်တုလူသားလို့ နာမည်ပြောင်ရထားသူ Abdul ဟာ ၁၉၈၅ခုနှစ်လောက်ကတည်းက စတင်ပြီး သက်ရှိရုပ်တုအဖြစ်နဲ့ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ Abdul က တစ်နေ့ကို ခြောက်နာရီလောက် လှုပ်ရှားမှု လုံးဝမရှိပဲ တကယ့်ရုပ်တုအတိုင်းကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

တကယ်တော့ Abdul ဟာ Chennai မြို့မှာရှိတဲ့ VGP Golden Resort မှာ လုံခြုံရေးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့တာဖြစ်ပြီး သူဌေးနဲ့အတူ ဗြိတိန်ကို လိုက်ပါသွားရင်းနဲ့ Buckingham နန်းတော်က တော်ဝင်ကိုယ်ရံတော်များကို တွေ့ရှိသွားပြီး စိတ်ဝင်တစားဖြစ်သွားခဲ့ကာ သက်ရှိရုပ်တုအဖြစ် လုပ်ကိုင်ဖို့ စိတ်ကူးရသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် သူ့အမိမြေကို ပြန်လည်ရောက်ရှိလာချိန်မှာတော့ Abdul ဟာ လုံခြုံရေးသမားကနေ သက်ရှိရုပ်တုအလုပ်ကို ကူးပြောင်းလုပ်ကိုင်လိုက်ပါတော့တယ်။ Abdul က သူရဲ့အလုပ်ကို ကောင်းမွန်စွာ လုပ်ကိုင်နိုင်သူဖြစ်ပြီး သူရပ်တန့်နေတဲ့နေရာမှာ လုံးဝကို မလှုပ်မယပ်နဲ့ ရုပ်တုတစ်ခုလို ငြိမ်ငြိမ်လေး နေနိုင်ခဲ့ပါတယ်။

ဒါကြောင့် VGP Golden Beach Resort ကနေ Abdul ရဲ့ကြွက်သားကို လှုပ်သွားအောင် ပြုလုပ်နိုင်သူ မည်သူကိုမဆို ရူးပီးတစ်သောင်း ပေးအပ်မယ်လို့ ကြေညာထားခဲ့ပြီး အခုအချိန်ထိ ဘယ်သူကမှ မပြုလုပ်နိုင်သေးပါဘူး။

ဒီလို ခြောက်နာရီဆက်တိုက်ကြီး မလှုပ်ရှားပဲ နေရတဲ့အလုပ်ဆိုတာ တကယ့်ကို မလွယ်ကူတာဖြစ်လို့ Abdul ရဲ့ ဝင်ငွေကလည်း တခြားအလုပ်များကို ပိုမိုကောင်းမွန်နေပြီး တစ်လကို ရူးပီးတစ်သောင်းခန့်လောက် ရရှိနေပါတယ်။ Abdul က သူရဲ့အားလပ်ချိန်များမှာ တတ်နိုင်သလောက် လှုပ်ရှားနေလေ့ရှိသလို အစားအသောက်ဆိုရင်လည်း ကျန်းမာရေးကို အားကောင်းစေမယ့် အစားအစာတွေကိုသာ ရွေးချယ်စားသောက်တတ်ပါတယ်။

သူ့ကို အခုလို ခြောက်နာရီလောက် မလှုပ်ရှားပဲ အလုပ်လုပ်နိုင်စေတာက ယောဂကျင့်စဉ်ကြောင့်ဖြစ်တယ်လို့လည်း Abdul က ဆိုပါတယ်။ အခု Abdul ဟာ အနုပညာရှင်တစ်ယောက်လို နာမည်ကျော်ကြားနေရပြီး ဒေသတွင်းမှာသာမကပဲ အိမ်နီးချင်းနိုင်ငံများက ခရီးသည်များကိုပါ ဆွဲဆောင်နိုင်လျက် ရှိနေပါတယ်ခင်ဗျာ။

Be the first to comment

Leave a Reply

Your email address will not be published.


*