ယောက်ျားတွေမုန်းတဲ့ မိန်းမတွေရဲ့ အကျင့်ငါးမျိုး

များသောအားဖြင့် ယောကျ်ားတွေနဲ့ သူတို့ရဲ့ စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာ အမူအကျင့်တွေကို ရေးသား ကြတာတွေ့ရတယ်။ ဒီတော့ သူတို့ဘက်ကလည်း တစ်ခါပြန်ပြီး အမျိုးသမီးတွေရဲ့ ဘယ်လိုအမူအကျင့် မျိုးကို စိတ်ပျက်တယ် ၊ မကျေနပ်ဘူးလို့ ခံစားရလည်းဆိုတာ လေ့လာကြည့်ရ အောင်ပါ။ ဒါတွေကတော့ အမျိုးသမီးတွေရဲ့ စိတ်တိုချင်စရာကောင်းတဲ့ စရိုက်လက္ခဏာအချို့ပါပဲ။

(၁) အေးစက်စက်အမူအရာနဲ့ ဆက်ဆံခြင်း

အမျိုးသမီးတွေက ထူးဆန်းကြတယ်တဲ့။ သူမတို့တွေ လုံး၀ ပေါက်ကွဲချင်နေရင်တောင် စိတ်ထဲမှာ မျိုသိပ်ပြီး တည်ငြိမ်နေသလို ဟန်ဆောင်ထားတတ်တယ်။ ဒါပေမယ့်လည်း ဒါကအပိုအလုပ်ပါ။ သူမသရုပ်ဆောင် တာက မပီပြင်ပဲ အေးစက်တဲ့အသွင်ပေါက်နေတတ်တယ်။ ဖြစ်နေတဲ့ ပြဿနာကို အတူအဖြေညှိကြရအောင် ပြေပြစမ်းပါဆိုလည်း တုတ်တုတ်မှ မလှုပ်တတ်ပါဘူး။ ဒီတော့ တကယ်လို့ မင်းအနေနဲ့ ပြဿနာရဲ့ အကြောင်းရင်းကိုမပြောပြဘူးဆိုရင် ပိုကြီးထွားလာပြီး အဖြေရှာဖို့ရာ ပိုခက်ခဲလာတာပဲ အဖတ်တင်ပါလိမ့်မယ်။

(၂) ခန္ဓာကိုယ်အလေးချိန်ကိုသာ စိတ်ထဲစွဲနေခြင်း

တွေ့ရာအမျိုးသားတစ်ဦးကို အမျိုးသမီးတစ်ဦးနဲ့ပတ်သက်ပြီး မင်းနားမလည်နိုင်တဲ့ အချက်ကဘာလဲလို့မေး ကြည့်စမ်းပါ။ အတော်များများက အလေးချိန်နဲ့ပတ်သက်တဲ့ ကိစ္စပဲလို့ပြန်ဖြေကြပါ လိမ့်မယ်။ သူမတို့ရဲ့ ခန္ဓာကိုယ်အလေးချိန်အကြောင်းကို ညည်းညူရင် အမြင်ကတ်တယ်။ သူမတို့ ခန္ဓာကိုယ်ရဲ့ တစ်လက်မ ချင်းစီကို အပြစ်မရှိအောင် စေ့စေ့စပ်စပ်ကြိုးစားဖို့ပဲ ခေါင်းထဲမှာရှိနေတာကို အမြင်ကတ်တယ်။ ဟုတ်ပါ တယ်။ ဒါကြောင့် သူမတို့အနေနဲ့ အလေးချိန်အကြောင်းကို အရေးတယူလုပ် ပြောဆိုနေခြင်းက ရပ်သင့်ပါပြီ။ အလားတူပဲ အသားအရေပျက်စီးကြောင်းတွေ ညည်းညူနေတာလည်း လျော့သင့်နေပါပြီ။

(၃) စကားပွဲတစ်ခု အလယ်မှာ ပစ်ထားခဲ့ခြင်း

အပြေးပြိုင်ပွဲ ၊ စစ်တုရင်ပြိုင်ပွဲ ၊ ဘောလုံးပြိုင်ပွဲ တစ်ခုခုပေါ့။ အားပေးတဲ့အသင်းချင်း မတူညီခဲ့ဘူးဆိုရင် စကားလုံးတွေနဲ့ စစ်ခင်းရာမှာ သတိထားဖို့လိုပါတယ်။ တကယ်လို့များ မင်းရဲ့ အကြိုက်ဆုံးအသင်းက ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်တောင် “ဒါဟာ ကစားပွဲတစ်ခုပဲလေ”လို့ ပြောပြီး အဆုံးသတ်နိုင်ဖို့ လိုပါလိမ့်မယ်။

(၄) အဆင်မပြေတဲ့အချိန်မှာ အဆင်ပြေပါတယ်လို့ ပြောခြင်း

“အဆင်ပြေပါတယ်” ဆိုတဲ့ စကားလုံးဟာ ဘာဆွေးနွေးမှုမှ မလုပ်ချင်လို့ ခဏတာငှားရမ်း သုံးစွဲလိုက် တာပါပဲ။ ဒါဟာ ပုရိသများကို စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ သူက ဒီကိစ္စကို တည်ငြိမ်ရင့်ကျက်သူ တစ်ယောက်လိုမျိုး ဆွေးနွေးဖို့မျှော်လင့်ထားပေမယ့် တကယ်တမ်းမှာတော့ ဒီစကားတစ်ခွန်းသာ ကြား လိုက်ရတဲ့အတွက် အတော်လေး ကသိကအောက်ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ပြဿနာကိုဖြေရှင်းပြီး သာမန်လူတွေလိုပဲ ပြုမူပါ။

(၅) အချစ်တော်လေးတွေရဲ့ နာမည်နဲ့ ရှုပ်ယှက်ခတ်နေရခြင်း

တစ်သက်လုံးမှတ်ထားလိုက်တော့နော်။ အိမ်မွေးတိရစ ္ဆာန်တွေကို cutie pie, sweet cheek , honey စသဖြင့် ပေးထားပြီး တကြော်ကြော်အော်ခေါ်နေရင်တော့ သင့်လူက သူ့ကိုရော ဘယ်လိုနာမ်စားမျိုးနဲ့ တင်စားခေါ်ဝေါ်မှာလဲ။ ဒါမှမဟုတ် တစ်ယောက်နဲ့ တစ်ကောင် honey ချင်းတူနေတာမျိုးကတော့ သူ့အနေနဲ့ လက်မခံချင်စရာပါပဲ။ ဒီတော့ ဆိုခဲ့သလို အပြုအမူမျိုး လုပ်တတ်တယ်ဆိုရင်တောင် လူကြားသူကြားထဲတော့ မလုပ်ဖြစ်အောင် ရှောင်ရှားသင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*