အသုံးပြုပြီးသားအမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို အသစ်ဖြစ်အောင်ပြုပြင်ပြီး ပြန်လည်ရောင်းချ

ပုံမှန်အချိန်တွေမှာတော့ recycle နည်းလမ်းတွေဟာ တကယ်ကို အသုံးဝင်တဲ့ နည်းလမ်းတွေဖြစ်ပေမယ့် တရုတ်နိုင်ငံမှာရှိတဲ့ စက်ရုံတစ်ခုက recycle ကတော့ တကယ်ကို ချာတူးလန်တဲ့ နည်းလမ်းပါဘဲ။

ရှန်ဒုန်း ပြည်နယ်မှာရှိတဲ့ အသေးစား စက်မှု့လုပ်ငန်းတစ်ခုရဲ့ စက်ရုံမှာ အသုံးပြုပြီးသား အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကို ပြန်လည်ပြုပြင်ပြီးတော့ အသစ်အတိုင်းဖြစ်အောင် ပြန်လည် ကျိတ်ခြေပြီး ထုတ်လုပ်နေတာကို သိရပါတယ်။

Shanghaisst ရဲ့ဖော်ပြချက်အရ နယ်မြေတာဝန်ခံရဲတွေဟာ ၄င်းစက်ရုံတည်ရှိရာ Tancheng ပြည်နယ်ကမြေအောက်တည်နေရာတစ်ခုကို မတ်လ ၁၅ရက်နေ့က ၀င်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။ထို့အပြင် နိုင်ငံသုံးစွဲသူများ တရားမျှတမှု့ရှိရေးအတွက်ကြောင့်လည်းဝင်ရောက်ဖမ်းဆီးရခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။

သတင်းမှာဖော်ပြချက်တွေအပြင် အသုံးပြုပြီးသား အမျိုးသမီးလစဉ်သုံးပစ္စည်းများအပြင် ကြိတ်ချေပြီးသားဂွမ်းထုပ်များကိုပါ ဓာတ်ပုံရိုက်ပြီး တင်ထားတာကိုလည်းတွေ့ရှိရပါတယ်။

စက်ရုံရဲ့ ရည်ရွယ်ချက်ကတော့ ဂွမ်းများကို ပြန်လည်အသုံးပြုပြီးတော့ ကျန်တဲ့ အပိုင်းအစတွေကို အသစ်တခုပြန်လည် ထည့်သွင်းလို့ ၀ါးပင်များလျော့နည်းခြင်းမှ ကာကွယ်နိုင်ရန်အတွက်လို့ပြောပါတယ်။

၄င်းကဲ့သို့ ပြုပြင်ပြီး ပြန်လည်ရောင်းချမည့် ထုတ်ကုန်များကိုတော့ စျေးပေါပေါနှင့် ရောင်းချကြောင်းလည်းသိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*