အသက်အန္တရာယ်ပေးနိုင်တဲ့အန္တရာယ်ကြီးသားရဲတိရစ္ဆာန်ပေါင်းများစွာနဲ့ တစ်အိမ်ထဲနေထိုင်သူအာဂအမျိုးသား

ပြင်သစ်နိုင်ငံ နန်စ့်မြို့က အမျိုးသားတစ်ဦးကတော့ အံ့ဖွယ်သတ္တိခဲ လူသားလို့အမည်မှည့်ရပါမယ်။ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး လူတွေကိုအသက်အန္တရာယ်ပါပေးနိုင်တဲ့ တဖရစ္ဆာန်ပေါင်းစွာနဲ့ တစ်အိမ်ထဲအတူနေထိုင်တာကြောင့်ပဲဖြစ်ပါ တယ်။အဆိုပါအမျိုးသားကတော့ ဖိလစ်ပီ ဂီလက်လို့အမည်ရပြီး ငါးဖမ်းအလုပ်ကိုလုပ်ကိုင်တယ်လို့ သိရပါတယ်။

 

သူဟာမိကျောင်း နှစ်ကောင်အပါဝင် လူကို အန္တရာယ်ပြုတဲ့ တိရစ္ဆာန်ပေါင်း ၄၀၀ နဲ့အတူနေထိုင်နေတာပဲဖြစ်ပါတယ်။သူရဲ့ အိမ်ထဲမှာ ဖွတ်၊ ပင့်ကူနက် ၊ စပါးကြီးမြွေ၊ သံကွင်းစွပ်မြွေတွေဟာ လွတ်လပ်စွာသွားလာလှုပ်ရှားနေကြပြီး ထိုတိရစ္ဆာန်တွေကို ကိုယ်တိုင် အစာကျွေးတယ်လို့သိရပါတယ်။ အသက် ၆၈ နှစ်အရွယ်ရှိ ဂီလက်ဟာအိမ်ထဲမှာမွေးထားတဲ့တိရစ္ဆာန်တွေ နဲ့အတူဆော့ကစားလေ့ရှိပြီး တစ်ခါတစ်ရံမှာမိချောင်းတွေ နဲ့လမ်းတွေမှာ ဖျော်ဖြေတာတွေလည်းလုပ်လေ့ရှိတယ်လို့သိရပါတယ်။

အဆိုပါ မိကျောင်းနှစ်ကောင်ကိုမိကျောင်းကန်ထဲမှခေါ်ဆောင်ခဲ့ပြီး

အခြား တိရစ္ဆာန်တွေကတော့ မိတ်ဆွေတွေက ပေးခဲ့တာလို့ သူကပြောပါတယ်။ထိုတိရစ္ဆာန်တွေနဲ့ရင်နှီးစွာနေထိုင်တဲ့ ဂီလက် ဟာမိကျောင်းနှစ်ကောင်နဲ့အတူ တစ်အိပ်ယာထဲမှာပါအတူအိပ်စက်တယ်လို့ထူးဆန်းစွာသိရပါတယ်။

အန္တရာယ်ရှိတဲ့တိရစ္ဆာန်တွေနဲ့ အတူနေထိုုင်ခြင်းဟာသာမာန်လူတွေအတွက်တကယ့်ကို ကြောက်စရာကောင်းတဲ့လုပ်ရပ်မျိုးတွေဟာသူအတွက်တော့ နေစဉ်လှုပ်ရှားမှုဖြစ်နေတာကြောင့် အိမ်နီးနားချင်းတွေကလည်အရမ်းကို အံ့သြနေကြတာပဲဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*