ရေချိုးခန်းရဲ့မှန်တံခါး ကွဲသွားလို့မကျေမနပ်ဖြစ်ရကြောင်း အင်တာဗျူးဖြေကြားနေပေမဲ့ ရုပ်ချောလွန်းလို့ နေ့ချင်းညချင်း Internet Star ဖြစ်လာခဲ့သူ (ရုပ်သံ)

တရုတ်နိုင်ငံကအမျိုးသားတစ်ယောက်ဟာ သူ၏ရေချိုးခန်းရဲ့မှန်တံခါးကွဲထွက်သွားလို့ မကျေမနပ်ဖြစ်ရကြောင်းအင်တာဗျူးတစ်ခုကိုဖြေကြားခဲ့ပေမဲ့လည်း ရုပ်ချောလွန်းအားကြီးလို့နေ့ချင်းညချင်း Internet Star တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ် ။ Zhang အမည်ရှိတဲ့ အသက် 22နှစ်အရွယ်ကောင်လေးဟာ Zhejiang Television ရဲ့ ‘1818 Huangjinyan’ ဆိုတဲ့ show တစ်ခုမှာပါဝင်ခဲ့တာပါ ။

ပြီးခဲ့တဲ့ စက်တင်ဘာလ 8 ရက်နေ့က ရေချိုးပြီးတာနဲ့တစ်ပြိုင်နက်တည်း သူ့ရဲ့ရေချိုခန်းတံခါးကွဲထွက်သွားခဲ့ကြောင်း အဆိုပါအဖြစ်အပျက်ကြောင့် သူ၏လက်နှစ်ဖက်လုံးမှာ ပျက်ရှဒဏ်ရာအများအပြားရရှိခဲ့ပြီး ဆေးကုသစရိတ် $1,200 ကုန်ကျခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ ထို့ကြောင့် တိုက်ခန်းကိုဆောက်လုပ်ပေးခဲ့တဲ့ကုမ္ပဏီအား သူ၏ဒဏ်ရာအတွက် ဆေးဖိုးဝါးခကိုတာဝန်ယူပေးဖို့ ပြောဆိုခဲ့တာပါ ။

ထို့အပြင်အဆိုပါအမျိုးသားဟာ သူ၏ရုပ်ရည်သွင်ပြင်ကြောင့် လူအတော်အများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး ၊ အဆိုပါအင်တာဗျူးကို 24နာရီအတွင်း ကြည့်ရှုသူပေါင်း 50 million အထိရရှိခဲ့ကြောင်း သိရှိရပါတယ် ။ Zhang ဟာလည်း online ပေါ်မှာ ကုန်ပစ္စည်းတွေကိုကြော်ငြာရောင်းချပေးသူဖြစ်ပေမဲ့လည်း ယခုပြသာနာနဲ့ လူအများစုရဲ့အာရုံစိုက်မှုကိုရရှိချင်ခဲ့တာမဟုတ်ကြောင်း ဖြေရှင်းခဲ့ပါတယ် ။

Video ကြည့်ရှုသူအတော်များများက Zhang ရဲ့ ရုပ်ရည်သွင်ပြင်ကိုသာ ချီးမွမ်းပြောဆိုခဲ့ကြပါတယ် ။ အချို့ကလည်း သတင်းကိုဂရုမစိုက်မိဘဲ Zhang ရဲ့မျက်နှာကိုသာ ကြည့်နေခဲ့တာဖြစ်ကြောင်း comment တွင်မျိုးစုံရေးသားခဲ့ကြပါတယ် ။ တိုက်ခန်းအဆောက်အအုံစီမန်ခန့်ခွဲပေးနေတဲ့ရုံးခန်းမှလည်း Zhang ရဲ့ဆေးဝါးကုသစရိတ်များကို ပြန်လည်ပေးအပ်ဖို့ သဘောတူခဲ့ကြကြောင်း သိရှိရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*