ပင်စင်လစာလိုချင်လို့ အသက် ၉၁ နှစ်အရွယ်ရှိ အဒေါ်အရင်းကို လက်ထပ်ယူခဲ့တဲ့ အမျိုးသား

အာဂျင်တီးနားအနောက်တောင်ပိုင်း၊ ရိုလန်ဒါမြို့တော်တွင် အသက် ၂၅ နှစ်အရွယ်ရှိ မာယူရီကိုအော်စိုလာ ဆိုတဲ့အမျိုးသားက အသက် ၉၁ နှစ်အရွယ်ရှိ အဒေါ်အရင်းဖြစ်သူကို လက်ထပ်ယူခဲ့တယ်လို့ သိရသည်။

မာယူရီဟာ လွန်ခဲ့တဲ့ ၈ နှစ်ကျော်ကတည်းက မိဘတွေ အိမ်ထောင်ကွဲခဲ့လို့ အဒေါ်ဖြစ်သူနဲ့ ပြောင်းရွှေ့နေ ထိုင်လာခဲ့တယ်လို့ သိရပါတယ်။ အသက် ၉၁ နှစ်အရွယ်အဒေါ်နဲ့ နှစ်နှစ်ကျော်အတူ နေပြီးနောက်မှာတော့ အဒေါ်ရဲ့ ပိုင်ဆိုင်မှုငွေကြေးနဲ့ ပင်စင်လစာတွေကို သိမ်းပိုက်ရယူလိုတာကြောင့် အဒေါ်ဖြစ်သူကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ လက်ထပ်ပြီး ၁၄ လအကြာမှာတော့ ဇနီးသည်အဒေါ်ဖြစ်သူမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ယင်းနောက် လူငယ်အမျိုးသားက ဇနီးသည်ရဲ့ ပင်စင်လစာတွေကို ပိုင်ဆိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့် မိသားစုရင်းချာ ဆွေမျိုးနဲ့ အိမ်ထောင်ပြုပြီး ငွေကြေးတွေကို သိမ်းပိုက်ရယူဖို့ကြိုး စားမှုကို သူတို့ လူမှုအသိုင်းအဝိုင်းက လက်မခံသလို၊ ပြစ်တင်ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။ သို့သော် လူငယ်အမျိုးသားကတော့ သူ့ရဲ့ဇနီးသည်ပိုင်ဆိုင်မှုကို ရယူလိုမှုနဲ့ တရားရုံးတော် လျှောက်ထားမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*