AIR CON SETTING MODE များ

Aircon မှာ အအေး အပူ mode တွေ အမျိုးမျိုး ပါတတ်ပါတယ် ။ တချို့တွေ ကသတိ မထားမိပဲ ထားမိတတ်ပါတယ်။ display ရဲ့ အပေါ်မှာ ပါတတ်ပါတယ်။ အဲဒီ Mode တွေ ပြောင်းဖို့ mode နှိပ်တဲ့ ခလုတ်ပါ ပါတယ်။ ( symbol အမှတ် အသားတွေ ကိုလဲ သိရပါမယ် )
Engineer တွေများတဲ့ site တွေထဲတောင် ဖြစ်တတ်ပါတယ်။mode တွေ မှားရင် မအေးတာတွေ ရေခဲတာတွေ ဖြစ်တတ်ပါတယ်။


အများဆုံးပါတတ်တာကတော့

Auto mode

Cool mode

Dry mode

Fan mode

Fan mode တွေဖြစ်ပါတယ် ။ တခြား mode တွေလဲ ပါတတ်ပါတယ် ။ aircon brand တွေပေါ်မူတည်ပါတယ်။အဲဒီထဲ မှာ ထားသင့်တာကတော့ မြန်မာပြည် နွေရာသီ မှာ အိမ်တွေ ရုံးတွေ အတွက်ဆို cool mode ပါပဲ ။ မှားတတ်တာကတော့ Dry mode ပါ aircon ကတော့ လည်ပေမဲ့ မကောင်းပါဖူး။ အဓိကကတော့ ရေငွေ့များတဲ့ မိုးတွင်းတို့ ပင်လယ်ကမ်းစပ်မှာ တို့မှာထားသင့်တာပါ။

စာအုပ်တွေချည်းပဲ သိမ်းတဲ့ store အခန်းဆိုလဲ dry mode ထားသင့်ပါတယ်။ သူက အခန်းထဲ ကရေငွေ့တွေ ကို ခန်းအောင်လုပ်ပေးတာပါ။

Auto mode ကတော့ မြန်မာပြည် အတွက် မလိုပါဖူး ။ အပူ အအေး ခြားနားတဲ့ တိုင်းပြည်တွေ မှာတော့ ပိုကောင်းပါတယ်။အေးရင် အပူပြန်ပေးပါတယ်။Korea မှာနေတုန်း ကတော့ သုံးဖူးပါတယ်။ ညဖက်အေးလာရင် ပြန် အနွေးပေးပါတယ်။ပူပူ အေးအေး လိုတဲ့ အပူချိန် ရအောင် ထိန်းပေးတာပါ။

Fan mode မှာတော့ ပန်ကာ တွေ ပဲလည် ပြီး မအေးပါဖူး။မြန်မာပြည် မှာ ကျွန်တော် ချိန် တာကတော့ cool mode , 25 degree Celsius ပါ။ သူနဲ့ သက်ဆိုင်တဲ့ symbol ကိုရောက်အောင် mode ကို ချိန်ရမှာပါ ။ တခါတရံ မှားတတ်ပါတယ်။
( အိမ်က ကချေ့ခေ့ျ ကြီး ကတော့ အမြဲ မှားပါတယ် ) 🙂 🙂 🙂

Be the first to comment

Leave a Reply

Your email address will not be published.


*