ကျွမ်းကျင် အအိပ်သမား အလိုရှိနေတဲ့ ရှန်ဟိုင်းကုမ္ပဏီ

အလုပ်မှာ ငိုက်လေ့ငိုက်ထရှိတဲ့သူတွေ၊ အိပ်တက်တဲ့သူတွေအတွက်တော့ သတင်းကောင်းပါဘဲ။ရှန်ဟိုင်းမှာရှိတဲ့ ကုမ္ပဏီတစ်ခုက အဲ့လိုလူတွေကို လိုက်ရှာပြီး အလုပ်တစ်နေရာစာပေးယုံသာမက လစာပါပေးနေပါပြီတဲ့။

အစားအသောက်ဖြန့်ဖြူးရေးကုမ္ပဏီတစ်ခုက ကျွမ်းကျင် အအိပ်သမားရာထူးတွေအတွက် ၀န်ထမ်းတွေကိုခေါ်ယူနေတာဖြစ်ပါတယ်။Shanghaiist ရဲ့ဖော်ပြချက်အရ ၄င်းcompany ဟာ သူတို့ရဲ့ အလုပ်သမားတွေအနေနဲ့ ကုန်ပစ္စည်းတွေကိုထုတ်ယူပြီး သွားအိပ်နေယုံနဲ့ ဒေါ်လာ ၁၄၀၀၀ ထိပေးမှာဖြစ်ပါတယ်။

တခုရှိတာကတော့ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေကိုလည်း report ပြန်တင်ပေးရအုံးမှာဖြစ်ပါတယ်။

တခြားထွေထွေထူးထူးဘာမှလုပ်စရာမလိုပါဘူး။ အိပ်နေဖို့ဘဲလိုတယ်။ ဒီအလုပ်ဟာ တရုတ်ပြည်မှာ ကျန်မားရေးအတွက်သတိပေးနှိုးဆော်နိုင်တဲ့ အလုပ်တစ်ခုအဖြစ်စတင်လာခဲ့တာဖြစ်ပြီး လျှောက်ထားသူဦးရေအတော်ကိုများခဲ့တယ်လို့ဖော်ပြပါရှိပါတယ်။

၄င်းကိစ္စကိုဟာသတစ်ခုလို့ထင်နေသူတွေအတွက် အသက်မွေးဝမ်းကြောင်းအလုပ်အတွက်အကြံပေးသူတစ်ယောက်က အမေရိကမှာ အခုလိုအလုပ်ကိုကျွမ်းကျင်တယ်ဆိုလို့ရှိရင် တစ်နှစ်ကို ဒေါ်လာ သုံးသိန်းကျော်ထိရနိုင်ပါတယ်လို့ ရှင်းပြခဲ့ပါတယ်။

ကဲ ဘယ်လိုလည်း။ လျှောက်ကြတော့မလား။ CV သာအသင့်လုပ်ထားလိုက်ပါတော့။

Be the first to comment

Leave a Reply

Your email address will not be published.


*