
ဒီလိုမြင်ကွင်းမျိုးကတော့ ကြည့်မိသူတိုင်းကို စိတ်ချမ်းသာမှုပေးစွမ်းနိုင်ပါတယ် ။ ထိုင်းနိုင်ငံက ရေခဲမုန့်ရောင်းနေတဲ့ ဆိုင်ရှင်အမျိုးသမီးတစ်ဦးဟာ သီချင်းဖွင့်ပြီးကနေစဉ် ကျောင်းသားငယ်လေးတွေကို သီချင်းသံစဉ်နှင့်အပြိုင် ဒွန့်ပြီးကပြရင် ကပြနိုင်သလောက် ရေခဲမုန့်အခမဲ့ ပေးဝေမယ်ဆိုပြီး ကြေငြာခဲ့တာပါ ။
ထို့ကြောင့် ကလေးငယ်တွေကလည်း သိသမျှ ၊ တတ်သမျှ အကစွမ်းရည်တွေတတ်နိုင်သလောက်ထုတ်ပြပြီး အစွမ်းကုန်ကပြခဲ့ပါတော့တယ် ။ ကျောင်းသားလေးတွေကလည်း တန်းစီပြီး အလှည့်ကျကပြနေသလို ဆိုင်ရှင်အမျိုးသမီးမှာလည်း ကျောင်းသားတွေနဲ့အတူ လိုက်ကနေခဲ့လို့ အဆိုပါ video ဟာ social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။
ယခုဖော်ပြခဲ့တဲ့ video လေးက စာဖတ်သူတွေကို ပျော်ရွှင်မှုပေးနိုင်မယ်လို့ ယုံကြည်မိပါတယ် ။
Leave a Reply