အသိပေးခြင်းမရှိဘဲ အိမ်ဖျက်ခံရကာ လမ်းဆောက်သွားသဖြင့် အိမ်ရှင် များ အံ့အားသင့်ခဲ့ရ

ရုရှားနိုင်ငံ၊ နစ်ဇနီနော့ဂိုရော့မြို့မှာ အလုပ်သွားလုပ်နေကြတဲ့ ဇာဗော့ရွာလေး က မိသားစုတစ်စုက အလုပ်ပိတ်ရက် အိမ်ပြန်လာချိန်မှာ အိမ်ဖြိုဖျက်ခံထားရ ပြီး အိမ်နေရာမှာ ဖြောင့်ဖြူးနေတဲ့ကတ္တ ရာလမ်းသစ်ကြီးကို မြင်တွေ့လိုက်ရတဲ့အ တွက် အံ့အားသင့်ခဲ့ရပါတယ်။ မြို့မှာ မိသားစုလိုက်သွားရောက်ကာ လနဲ့ချီ အလုပ်လုပ်ကိုင်နေခဲ့ပြီး အားလပ်ရက် စုပေါင်းရရှိချိန်မှာ နေရပ်အိမ်ကို ပြန်လာ ချိန်မှာ ယခုလို အိမ်ကနေ လမ်းကြီးဖြစ် နေတာကို မမျှော်လင့်ဘဲ တွေ့လိုက်ရတာ ဖြစ်ပါတယ်။

အိမ်ရှင်တွေဖြစ်တဲ့ ဗလာရီယာယူဒါလော့ဗ်နဲ့ဇနီးက အ ကြောင်းကြားခြင်းမရှိဘဲ အိမ်ဖျက်ခံလိုက် ရ တဲ့ အတွက် အလွန်အမင်းဒေါသထွက် စိတ်ပျက်နေခဲ့ပြီး ကားလမ်းပေါ်မှာ အတားအဆီးတွေချကာ သူတို့ရဲ့ပိုင်နက် ကို ပြန် လည်သတ်မှတ်ထားခဲ့ကြကာ လမ်းပေါ်မှာပဲ ယာယီတဲတွေထိုးပြီး အိပ် စက်ကာ ဒေသခံအာဏာပိုင်အဖွဲ့ကို ဆန့်ကျင်ဆန္ဒပြလျက်ရှိပါတယ်။

အာဏာ ပိုင်တွေအနေနဲ့ တာဝန်မဲ့တဲ့ခုလိုလုပ်ရပ် မျိုးအတွက် ထိုက်သင့်တဲ့တုံ့ပြန်ဆောင် ရွက်မှုများကို အိမ်ရှင်တွေက တောင်းဆို ထားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအတွက် သင့်လျော်တဲ့ဆောက်ရွက်မှုမျိုး၊ လျော် ကြေးမျိုး ပေးအပ်လာချိန်ထိ ခုလိုလမ်းကို ပိတ်ပြီးနေထိုင်သွားမယ်လို့ ဗလာရီယာက ဆိုပါတယ်။ မိသားစုက ကာလရှည်ကြာ အဝေးမှာနေထိုင်ခဲ့ပြီး ဆက်သွယ်ဖို့ရာ မတတ်နိုင်ခဲ့တဲ့အတွက် အကြောင်းမကြား ခဲ့ရဘဲဖြိုချဖြစ်ခဲ့တာလို့ ဒေသအာဏာပိုင် အဖွဲ့က ဆိုပါတယ်။ အိမ်ဖျက်ဆီးခံလိုက် ရတာကြောင့် အိမ်သစ်တစ်လုံးပြန်ပြီး တည်ဆောက်ဖို့ရာအတွက် လျော်ကြေး ဒေါ်လာ ၆၂၀၀၀ တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒီအမှုအတွက် စုံစမ်းစစ် ဆေးရေးအဖွဲ့က တစ်ပတ် အတွင်းဆုံး ဖြတ်ချက်ချသွားမှာဖြစ်တယ်လို့ သိရပါ တယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*