ထူးဆန်းတဲ့အသံကြားနေရလို့ ကားရဲ့ဘောနပ်စ်ကိုဖွင့်ကြည့်လိုက်ချိန်မှ အံ့သြထိတ်လန့်ခဲ့ရတဲ့အဖြစ်

ဒီအဖြစ်အပျက်ကတော့ ထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တာပါ ။ ဖြစ်စဉ်ကတော့ ကားပိုင်ရှင်ဟာ အဆိုပါကားကြီးကို တောထူထပ်တဲ့နေရာနဲ့အနီးဝန်းကျင်မှာရှိတဲ့နေအိမ်ရဲ့ အိမ်ရှေ့လမ်းမကြီးဘေးမှာ အချိန်အတော်ကြားရပ်ထားခဲ့တာပါ ။

ထို့နောက် ကားမောင်ထွက်ဖို့လုပ်နေရင်းနဲ့ ကားရဲ့ဘောနပ်စ်ထဲမှ ထူးထူးဆန်းဆန်းအသံတွေကြားနေခဲ့လို့ သင်္ကာမကင်းဖြစ်ရင်း ကားစက်တစ်ခုခုချို့ယွင်းနေတယ်အထင်နဲ့ ဘောနပ်စ်ကိုဖွင့်ကြည့်ခဲ့ပါတယ် ။ ထိုအချိန်ကျမှ အလွန်ကြီးမားတဲ့ တောမြွေကြီးက ဘောနပ်စ်ထဲမှာ ခွေခွေလေးရှိနေခဲ့တာကို အံ့သြထိတ်လန့်ဖွယ်တွေ့ရှိခဲ့ပါတယ် ။

မြွေမှာလည်း အချိန်အတော်ကြာမလှုပ်မရပ်ဘဲရှိနေလို့ ကားပိုင်ရှင်က အနီးအနားဝန်းကျင်ကသူတွေကို အကူအညီတောင်းပြီး အဆိုပါမြွေကြီးကို ဖယ်ထုတ်ပစ်ခဲ့ရပါတယ် ။ ဒါကြောင့် ယခုလိုအဖြစ်မျိုးနဲ့မကြုံရလေအောင် တောစပ်အနီးတွေမှာ ကားကိုအချိန်အတော်ကြာမရပ်နားသင့်ကြောင်း ၊ ထို့အပြင် အမြဲသတိဝီရိယရှိစေဖို့ သတိပေးပြောဆိုလိုက်ရပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*