FACEBOOK POST တစ်ခုကြောင့် ဒေါ်လာ ၈၀၀ ကျော် ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီး

ယနေ့ခေတ် လူမှု မီဒီယာ အသုံးပြုသူတွေ အားလုံး သိထားတဲ့ အရာတစ်ခုက ဘယ်အရာကိုမဆို အင်တာနက် မှာ Post လုပ်ဖို့ပါ။ တစ်ခုခုကို အနိုင်ရတဲ့ လက်မှတ်တွေအပါအဝင်ပေါ့။ ကံမကောင်းစွာနဲ့ပဲ Chantelle လို့အမည်ရတဲ့ သြစတြေးလျနိုင်ငံသား အမျိုးသမီးတစ်ဦးဟာ Melbourne Cup ပြိုင်ပွဲမှာ လောင်းကြေးအနိုင်ရခဲ့ပါတယ်။

၈၂၅ ဒေါ်လာ တန်ကြေးရှိတဲ့ လောင်းကြေးကို အနိုင်ရခဲ့တဲ့အခါမှာ သူဟာ အများနည်းတူ အောင်ပွဲခံခဲ့ပါတယ်။သူမရဲ့ အောင်ပွဲခံနည်းကတော့ သူမရဲ့ အနိုင်ရတဲ့လက်မှတ်(ဘားကုတ်ပါဝင်ပြီး) နဲ့အတူ သူမဟာ ဆယ်လ်ဖီဓါတ်ပုံတစ်ပုံ ရိုက်ပြီး Facebook မှာ တင်လိုက်ပါတယ်။ အဲဒီအခါ သူမရဲ့ အကောင့်ထဲမှာရှိတဲ့ သူငယ်ချင်းတွေကသူမရဲ့ ဓါတ်ပုံကို “Like” ပြုလုပ်ပေးကြပေမယ့် တစ်ယောက်တည်းသာ Friend တစ်ယောက်ကတော့ Chantelle ရဲ့ ဓါတ်ပုံကို သူ(သို့)သူမ ပါဆိုပြီး အခိုင်အမာ ဆိုပြီး ဆုကြေးတွေထုတ်ယူသွားခဲ့တာဖြစ်ပါတယ်။

သူမဟာ Facebook မှာ ဓါတ်ပုံတင်ပြီးပြီးချင်း ၁၅ မိနစ်အကြာမှာပဲ ဆုကြေးထုတ်ယူဖို့ သွားရောက်ခဲ့ပေမယ့် သူမရဲ့ဆုကြေးကို တစ်စုံတစ်ယောက်က ထုတ်ယူပြီးသားဖြစ်သွားပါပြီ။ အဲဒီအခါမှာ သူမက Facebook မှာ အခုလိုရေးသားခဲ့ပြန်ပါတယ်။

“ငါနဲ့ Facebook မှာ Friend ဖြစ်နေပြီး ငါ့ဓါတ်ပုံကိုအသုံးချကာ ဆုကြေးထုတ်ယူသွားတဲ့ အဆင့်အတန်းနိမ့်တဲ့လူ အတွက် ၊ မင်းဟာ ချီးထုတ်တစ်ယောက်ပဲ။ မင်းဟာ ငါ့ရဲ့ လှပတဲ့နေ့ရက်ကို ပျက်စီးစေခဲ့တယ်။”

ဒါကြောင့် Facebook မှာ အရာရာကို Post လုပ်ဖို့မကြိုးစားပါနဲ့။အထူးသဖြင့် အာမခံချက်မရှိတဲ့ အွန်လိုင်းပေါ်က ဆုကြေးတွေနဲ့ ပတ်သက်ပြီး အခြားအသုံးပြုသူတွေက ခိုးယူသွားနိုင်တာကြောင့် Facebook မှာ လုံး၀ Post မလုပ်ပါနဲ့။

Be the first to comment

Leave a Reply

Your email address will not be published.


*