အမျိုးသမီးတယောက်အားလပ်ရက်ခရီးဝေးကပြန်လာပြီး အိမ်ရောက်လို့အောက်ခံကိုချွတ်လိုက်တဲ့အခါမှာတော့..

အားလပ်ရက်ရှည်ရလို့ ခရီးထွက်ခဲ့တဲ့ မက္ကစီကိုက အမျိုးသမီးတစ်ယောက်ကတော့ အိမ်ကိုပြန်ရောက်တဲ့အချိန် သူမရဲ့ အတွင်းခံကို ချွတ်လိုက်တဲ့အခါမှာတော့ ကင်းမြီးကောက်တစ်ကောင်ထွက်လာတာကို အထိတ်တလန့်တွေ့ခဲ့ရပါတော့တယ်။

၄င်းကင်းမြီးကောက်ဟာ ထွက်ထွက်လာချင်းမှာကို အန္တရာယ်ပေးမည့်ပုံစံနှင့် ထွက်လာခဲ့တာမို့လို့ အမျိုးသမီးလည်းကြောက်အားလန့်အားနှင့် ရေချိုးခန်းထဲကပြေးထွက်လာခဲ့ရပါတော့တယ်။အနီးနားမှာရှိတဲ့ သူတစ်ယောက်ရဲ့ ပြောကြားချက်အရ၄င်းအမျိုးသမီးရဲ့ အောက်ခံဘောင်းဘီထဲမှာရော၊ အခြားအဝတ်တွေထည့်ထားတဲ့ အိတ်တွေထဲမှာရော အကောင်တွေအများကြီးကို ထပ်မံတွေ့ခဲ့ရတယ်လို့ပြောပါတယ်။

သူမဟာ မိုင်ပေါင်း ၅၄၀၀ ရှည်တဲ့ ခရီးကနေအပြန်မှာ အခုလိုဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

သူမဟာ Wellesbourne မှာနေထိုင်သူဖြစ်ပြီး သူမနာမည်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

သူမရဲ့ပြောပြခဲ့တာကတော့ ကင်းမြီးကောက်ဟာ အဆိပ်ပြင်းတဲ့ မျိုးဖြစ်ပြီးတော့ ကိုက်မိတဲ့ သားကောင်ဟာ ဆေးဝါးကုသမှု့ကိုအမြန်ခံယူရမှာဖြစ်တယ်လို့ပြောပါတယ်။

သူမကတော့ တကယ်ကိုကံကောင်းတယ်လို့ပြောရမှာဘဲ။ဘယ်အချိန်ထဲကရောက်နေမှန်းမသိတဲ့ ကင်းမြီးကောက်ဟာ သူမကို တလမ်းလုံး အန္တရာယ်မပြုခဲ့တာကတော့ တကယ်ကိုထူးဆန်းအံ့သြဖွယ်ကောင်းလွန်းလှပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*