ချစ်သူကောင်လေးကို ဒေါ်လာ၁၄၅၀ အကုန်အကျခံကာလက်ထပ်ခွင့်တောင်းခဲ့တဲ့ အမျိုးသမီး

လူတော်တော်များများ မြင်ဖူးကြားဖူးတာကတော့ လက်ထပ်ခွင့်တောင်းတဲ့ suprise တွေကိုယောက်ကျားလေးတွေက မိန်းကလေးတွေကိုပြုလုပ်ပေးတာဘဲဖြစ်ပါတယ်။ဒါပေမယ့် တရုတ်ပြည်ကအမျိုးသမီးတစ်ယောက်ကတော့ သူ့ရဲ့ချစ်သူကောင်လေး နဲ့ လက်ထပ်ဖြစ်ဖို့သေချာအောင်ဆိုပြီး ငွေကုန်ကြေးကျခံကာ လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

Taxi ကားပေါင်း ၉၀၀ ရဲ့ အပေါ်က LED ဘုတ်တွေပေါ်မှာ ကောင်လေးရဲ့နာမည်ဖြစ်တဲ့ “Zhang Jianfeng ရှင့်ကို ကျွန်မလက်ထပ်ချင်တယ်” ဟူသော စာသားကို မီးလုံးများဖြင့်ထွန်းကာနှစ်နာရီကြာအောင် ပြသခဲ့ပါတယ်။

အခုလိုပြသဖို့အတွက် အမျိုးသမီးဟာ ဒေါ်လာ ၁၄၅၀ ကိုအကုန်အကျခံခဲ့ရတယ်လို့ Stomp သတင်းမှာဖော်ပြထားပါတယ်။အမျိုးသမီးအများစုကတော့ သူတို့ရဲ့ ချစ်သူတွေ ရိုမန်တစ်ဆန်ဆန် အပြုအမူတွေကို မျှော်လင့်တက်ကြပြီးတော့ အခုတကြိမ်မှာတော့ အမျိုးသမီးက စတင်ပြီးတော့ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။

၀မ်းသာစရာတစ်ခုကတော့ သူမရဲ့ အပင်ပန်းခံ ငွေကုန်ကြေးကျခံမှု့တွေကတော့ အကျိုးဖြစ်ထွန်းခဲ့ပြီး သူမရဲ့ ကောင်လေးကတော့ ၀မ်းမြောက်ဝမ်းသာလက်ခံခဲ့ပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*