သခင်က ဂရုမစိုက်လို့ဆိုပြီး ၊ သခင့်ရဲ့ 7ရက်အချိန်ယူပြီးဆက်ထားရတဲ့ Doraemon အရုပ်ကိုဖျက်ဆီးပစ်ခဲ့တဲ့ ကြောင်လေးအဆုံးသတ်

ကြောင်မွေးဖူးသူတိုင်းသိကြတဲ့အချက်ကတော့ ကြောင်လေးတွေဟာသူတို့ကိုဂရုတစိုက် အာရုံစိုက်ကြတာမျိုး လိုချင်ကြတာပါ ။ ဒါကြောင့် သခင်ဖြစ်သူတွေရဲ့အာရုံစိုက်မှုကိုရအောင် နည်းအမျိုးမျိုးနဲ့ကြိုးစားပြလေ့ရှိပါတယ် ။

 

ဒီတစ်ခေါက်ဖော်ပြမဲ့ကြောင်လေးကလည်း သခင်ဖြစ်သူရဲ့အာရုံစိုက်မှုကိုရအောင် ကြီးမှားတဲ့ပြစ်မှုတစ်ခုလုပ်မိလိုက်တာပါပဲ ။ အကြောင်းကတော့ ထိုင်းနိုင်ငံကအမျိုးသားတစ်ယောက်ဟာ အပိုင်းအစပေါင်း 2,432 ခုပါရှိတဲ့ Doraemon အရုပ်ကို အချိန်တစ်ပတ်ပေးပြီး ဆက်ထားခဲ့ရတာပါ ။

သို့ပေမဲ့လည်း ကြောင်လေးက သခင်သူ့ကိုအာရုံမစိုက်ပဲ ပစ်ထားလို့ဆိုပြီး သခင့်ရဲ့ Doraemon အရုပ်ကို ဖျက်ဆီးပစ်လိုက်ပြီးနောက် ၊ နောင်တရပုံလည်းမပေါ်ဘဲ သခင့်အနားအတင်းတိုးဝှေ့နေခဲ့ပါတော့တယ် ။ အဆိုပါအဖြစ်အပျက်ကို သခင်ဖြစ်သူက ဓာတ်ပုံရိုက်ပြီး

Facebook စာမျက်နှာပေါ်မှာ ဝေမျှခဲ့ပြီးနောက်မှာတော့ လူအတော်အများက ကြောင်ဆိုးလေးရဲ့အပြုအမှုကို ချစ်မဝနိုင်အောင်ဖြစ်ခဲ့ကြပြီး အဆိုပါ post ကို ကြိုက်နှစ်သက်သူပေါင်းများစွာရှိခဲ့ပြီး ၊ ပြန်လည်ဝေမျှသူလည်း အများအပြားရှိခဲ့ပါတယ် ။

Be the first to comment

Leave a Reply

Your email address will not be published.


*