ဗိုက်ထဲမှာအစာမရှိတဲ့အချိန် မလုပ်သင့်တဲ့အပြုအမူ ၆ချက်

၁။ကော်ဖီမသောက်ပါနဲ့

မနက်နိုးနိုးချင်းမုန့်မစားပဲနဲ့ကော်ဖီအရင်သောက်တာမျိုးမလုပ်ပါနဲ့။အချိန်မရလို့ကော်ဖီပဲသောက်နိုင်မယ်ဆိုရင်လည်းနို့မှုန့် ၊ကရင်မ်တစ်ခုခုထည့်ပြီးမှသောက်ပါ။နို့မှုန့်မှာပါဝင်တဲ့အဆီက ကော်ဖီကြောင့်ဖြစ်တဲ့ဆိုးကျိုးတွေကိုလျှော့ချပေးပါတယ်။ သဘာဝကော်ဖီမှုန့်ကိုရွေးချယ်သောက်သုံးပါ။

၂။အရက်မသောက်ပါနဲ့

အစားတစ်ခုခုမစားရသေးပဲအရက်မသောက်ပါနဲ့။ဗိုက်ထဲမှာအစာမရှိပဲအရက်သောက်မယ်ဆိုရင် အစာအိမ်၊အသည်း၊ကျောက်ကပ်နဲ့နှလုံးကိုထိခိုက်သွားနိုင်ပါတယ်။

၃။ပီကေမဝါးပါနဲ့

ဘာမှမစားရသေးပဲပီကေဝါးတာကိုရှောင်ပါ။ပီကေတွေက ၁၀မိနစ်ထက်ပိုပြီးဝါးလို့မကောင်းပါဘူး။ ပီကေမှာပါဝင်တဲ့သကြားတွေ၊ဆေးတွေကအစာအိမ်ကိုထိခိုက်စေနိုင်ပါတယ်။

၄။ဘာမှမစားပဲအိပ်ရာမဝင်ပါနဲ့

အိပ်ခါနီးအစာစားရင်ဝတယ်ဆိုပေမဲ့မစားရင်လည်းကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ညအိပ်ခါနီးဗိုက်ဆာနေတဲ့အခါအိပ်လို့မပျော်တာတွေဖြစ်နိုင်ပါတယ်။အဲ့ဒါကြောင့် ညအိပ်ခါနီးရင်နွားနို့ပူပူလေးသောက်ပေးတာကမြန်မြန်ဆန်ဆန်အိပ်ပျော်စေနိုင်ပါတယ်။

၅။အစာမစားပဲလေ့ကျင့်ခန်းမလုပ်ပါနဲ့

ဗိုက်ထဲမှာအစာမရှိပဲလေ့ကျင့်ခန်းလုပ်တာဟာ ခန္ဓာကိုယ်ကိုနာကျင်စေပြီး အထဲကစွမ်းအင်တွေကိုယုတ်လျော့စေပါတယ်။ဘယ်လေ့ကျင့်ခန်းကိုပဲလုပ်လုပ် အဆာပြေရုံနည်းနည်းစားပြီးမှလုပ်ပေးပါ။

၆။အငြင်းမပွားပါနဲ့

ဗိုက်ထဲမှာအစာမရှိတဲ့အချိန် တစ်ယောက်နဲ့တစ်ယောက်အငြင်းပွားမိမယ်ဆိုရင်စိတ်တိုလွယ်ပြီး စွမ်းအင်တွေယုတ်လျော့စေပါတယ်။အဲ့ဒါကြောင့် ဘာအကြောင်းကိုပဲဖြစ်ဖြစ်ဆွေးနွေးမယ် ၊ပြောဆိုမယ်ဆိုရင်အစာတစ်ခုခုစားပြီးမှပြောဆိုသင့်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*