တရုတ်နိုင်ငံကကျောင်းသားတွေကိုတော့ ရေကူးတက်မှ ဘွဲ့ပေးတော့မယ်လို့ကြေညာချက်ထုတ်ပြန်လိုက်ပါပီ

Tsinghua တက္ကသိုလ်ဟာ တနင်္လာနေ့တုန်းက စက်တင်ဘာလမှာ စတင်မယ့် သင်တန်းတွေအတွက် စတင်ပြီးတော့ ကျောင်းအပ်လက်ခံနေပြီဖြစ်ပါတယ်။၄င်းတက္ကသိုလ်ရဲ့ စည်းမျဉ်းစည်းကမ်းအရ ကျောင်းသားတိုင်းလိုက်နာ သိထားရမယ့် စည်းကမ်းအသစ်တစ်ချက်ကတော့ မီတာ ၅၀ အနက်မှာ ရေကူးနိုင်ရမယ်ဆိုတဲ့ အချက်ဘဲဖြစ်ပါတယ်။

Tsinghua တက္ကသိုလ်ရဲ့ ပထမဦးဆုံး စည်းကမ်းကို ၁၉၁၀ ခုနှစ်တုန်းက စတင်သတ်မှတ်ခဲ့ဖူးပြီး အသိအမှတ်ပြုမှု့နည်းပါးခဲ့တာကြောင့် ပြန်လည်ဖြုတ်ချခဲ့ရပါတယ်။ကျောင်းသားတွေအနေနဲ့ ရေမကူးတက်ဘူးဆိုရင်တော့ ဘွဲ့ရဖို့မပြောနဲ့ ၊ ပညာသင်ကြားခွင့်ပါမပေးပါဘူးဆိုပြီး ရူပဗေဒ ဌာနမှ ပါမောက္ခ Liu Boကပြောပြခဲ့ပါတယ်။

ဘာကြောင့်အခုလိ သတ်မှတ်ရတာလည်းဆိုတဲ့ အပေါ်မှာတော့ Liu ကဘဲ “ကျောင်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့နဲ့ လိုအပ်တဲ့ အသက်ရှင်သန်နေထိုင်နိုင်ရေး အတွက်ရှိသင့်တဲ့ အရည်အချင်းတွေရှိလာနိုင်ဖို့ပါ” လို့ပြောပြခဲ့ပါတယ်။ကြေညာချက်ထုတ်ပြန်ပြီး မကြာခင်မှာဘဲ တရုတ်နိုင်ငံရဲ့ Fb လောက မှာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ပြီး ၄င်းစည်းကမ်းချက်အပေါ် မေးခွန်းဝေဖန်မှု့တွေများပြားခဲ့ပါတယ်။

တချို့တွေကျတော့လည်း ထောက်ခံခဲ့ကြပြန်ပါတယ်။ ကဲ စာဖတ်သူတွေလည်း တရုတ်နိုင်ငံကို ပညာသင်သွားမယ်ဆိုရင်တော့ အရင်ဆုံးရေကူးလေ့ကျင့်ပြီးတော့ မှ သွားသင်ကြပါလို့ အကြံပေးလိုက်ပါရစေ။

Be the first to comment

Leave a Reply

Your email address will not be published.


*