GUO LIANG CUN ကျေးရွာအတွက် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ပေးတဲ့ တစ်ခုတည်းသော ထွက်ပေါက်

ဝေးလံခေါင်ဖျားလွန်းတဲ့ တရုတ်ကျေးလက်ဒေသတစ်ခုသို့ ကမ္ဘာလှည့်ခရီးသွားတွေ သည်းကြီးမဲကြီး အလည်အပတ်သွားရောက်တဲ့အချိန်မှာ ကျယ်ပြောနက်ရှိုင်းလှတဲ့ ချောက်ကမ်းပါးတလျှောက် တည်ရှိတဲ့ လမ်းမမှာ ယာဉ်ကျောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

မေဒေး အားလပ်ရက်ကြောင့် ရာထောင်ချီတဲ့ လူတွေဟာ ၎င်းလမ်းမပေါ် မောင်းနှင်သွားလာကြခဲ့ပါတယ်။ ၎င်းလမ်းမကို ၁၉၇၀ နှစ်များက ချောက်ကမ်းပါးကနေတဆင့် ဖဲ့ထွင်းခဲ့တာဖြစ်ပြီး တရုတ်ပြည်ရဲ့ အသက်အန္တရာယ် အများဆုံး ကျေးလက်တောရွာလေး ဖြစ်စေခဲ့ပါတယ်။


၂၀၀ မီတာရှိချောက်ကမ်းပါးကြီး တစ်ခုပေါ် တည်ရှိပြီးမြေပြင်မှ ၁,၇၀၀ မီတာအမြင့်မှာ တည်ရှိတဲ့ Guo Liang Cun ခေါ် ၎င်းကျေးလက်တောရွာလေးကို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြုပေးတဲ့ တစ်ခုတည်းသော လမ်းကြောင်းဖြစ်ပါတယ်။

၎င်းမှာ လေဝင်ပေါက် ၃၅ ခုရှိပြီး ကျောက်တုံးတွေ ဖဲ့ထုတ်ကာ အလင်းရောင်နဲ့ လေတွေ ဝင်ရောက်စေဖို့ ဖန်တီးပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် ယခုအချိန်မှာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် သဘာဝအလှတွေ ရှုစားဖို့ အသုံးပြုကြပါတယ်။

၁၉၇၂ ခုနှစ်က ဖွင့်လှစ်တဲ့အချိန်ကတည်းက ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြုနိုင်ဖို့ မျှော်လင့်ချက်ဖြင့် လူငယ်လူရွယ် ၁၃ ယောက်နဲ့ ရွာသားများ အပြီးသတ်အထိ ၅ နှစ်ကြာ ထွင်းပေါက်ခဲ့တာကြောင့် “13 Heroes of Guo Liang Cun” လို့ သိရပါတယ်။

Guo Liang Cun ရွာမှာ အံ့မခန်းဖွယ် ရှုမျှော်ခင်းတွေနဲ့အတူ မတ်စောက်တဲ့ ချောက်ကမ်းပါးပေါ် တည်ရှိခဲ့ပြီး ၎င်းဆီအရောက်ပို့ပေးနေတဲ့ ကားလမ်းမကြောင့် လူသိများ ထင်ရှားပါတယ်။တရုတ်နိုင်ငံအတွင်း လူသူနဲ့ဝေးလံဆုံး အရပ်ဒေသတစ်ခုဖြစ်သည်နဲ့အညီ အိမ်ထောင်စု ၈၃ စု လူဦးရေ ၃၂၉ ဦးသာရှိကြောင်း သိရပါတယ်။

Trend Myanmar

Be the first to comment

Leave a Reply

Your email address will not be published.


*