ဆိုရှယ်မီဒီယာအသုံးပြုသူများရဲ့ ရင်ကိုထိခိုက်ကြေကွဲစေခဲ့တဲ့ ၁၁နှစ်အရွှယ်ကလေးငယ်လေးရဲ့ ဓာတ်ပုံတစ်ပုံ

အိန္ဒိယနိုင်ငံက ကလေးတစ်ဦးကတော့ လူမှုကွန်ယက်ပေါ်က ရင်နစ်ဖွယ်ဓာတ်ပုံလေးတစ်ပုံကြောင့် ရူပီး ၃ သန်းကျော်ရရှိသွားခဲ့တယ်လို့ သိရပါတယ်။အဆိုပါကလေးငယ်လေးရဲ့ ဓာတ်ပုံလေးကတော့ သေဆုံးသွားတဲ့ ဖခင်အလောင်းဘေး သနားစရာအင်မတန်ကောင်းတဲ့ ငိုကြွေးနေပုံလေးကြောင့်လူမှုကွန်ယက် အသုံးပြုသူတွေက ကရုဏာသက်ဝင်ပြီး အလှူငွေတွေပေးအပ်ခံကြတာပဲ ဖြစ်ပါတယ်။လက်ရှိဆိုရှယ်မီဒီယာပေါ်မှာဒီဓာတ်ပုံကို Share လုပ်သူ အရေအတွက် ၇ ထောင်ကျော် ရှိနေခဲ့တယ်လို့သိရပါတယ်။

ဓာတ်ပုံထဲက သေဆုံးသူ ကတော့ အနီးလ်အမည်ရတဲ့ အသက် ၂၇ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး သူဟာအိန္ဒိယနိုင်ငံ မြို့တော် ဒေလီရဲ့ ရေဆိုးမြောင်းလုပ်သားတဦးဖြစ်ကာ မြောင်းထဲပြုတ်ကျ သေဆုံးခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။တာဝန်ရှိသူမာျးရဲ့ စစ်တမ်းများအရ အိန္ဒိယနိုင်ငံမှာ နှစ်စဉ် ရေဆိုးမြောင်းလုပ်သား ၁၀၀ လောက် သေဆုံးနေကြရတယ်လို့ သိရပါတယ်။ခုလိုသေဆုံးရတာတွေဟာ လုပ်ငန်းခွင်အတွင်း လုံခြုံစိတ်ချရတဲ့ လုပ်ငန်းသုံးကိရိယာတွေ မပံ့ပိုးပေးနိုင်တာကြောင့်လို့အလုပ်သမား အဖွဲ့အစည်းတွေက ဆိုထားပါတယ်။

သေဆုံးသူရဲ့မိသားစုဟာ ဆင်းရဲလွန်းတာကြောင့် မီးသြင်္ဂိုဟ်ခတောင် မတတ်နိုင်ခဲ့တဲ့အတွက် အိမ်နီးနားချင်းတွေက ကူငွေစုဆောင်းပြီး ပြုလုပ်ခဲ့ကြရတာပဲ ဖြစ်ပါတယ်။ဒီဓာတ်ပုံကိုတော့ မှုခင်းသတင်းထောက်တယောက်ရိုက်ကူးခဲ့တာဖြစ်ပြီး အလောင်းကို မီးမသြင်္ဂိုဟ်ခင်မှာ ရိုက်ယူထားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ဓာတ်ပုံထဲက သားဖြစ်သူကတော့ ၁၁ နှစ်အရွယ်သားလေးဖြစ်ပြီး စိတ်မကောင်းဖွယ်မြင်ကွင်းလေးဖြစ်နေတာကြောင့် အွန်လိုင်းအသုံးပြုသူတွေကအလှူငွေထည့်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*