အသုံးပြုသူကို ဟင်းတစ်ခွက်စားသုံးနေရသလို အရသာပေးစွမ်းမယ့် ထူးထူးဆန်းဆန်းနှုတ်ခမ်းနီ

မိန်းကလေးတိုင်းကတော့ စတိုးဆိုင်တွေ ရှော့ပင်းမောလ်တွေမှာ အလှကုန်ပစ္စည်းအသစ်ရောက်နေပီဆိုတဲ့ သတင်းကိုကြိုက်ကြမှာတော့ အသေချာပါဘဲ။အချို့ တံဆိပ်တွေကတော့ သူတို့ရဲ့ ကုန်ပစ္စည်းတွေလူကြိုက်များ လူသိများအောင် စျေးကွက်ထဲကို စိတ်ဝင်စားစရာကောင်းတဲ့ နည်းလမ်းတွေနဲ့ ထိုးဖောက်ကြပါတယ်။

အခုအသစ်ထပ်မံရောက်လာတဲ့ ကုန်ပစ္စည်းကတော့ နှုတ်ခမ်းနီပါဘဲ။ ဒါပေမယ့် အခြားအရာတွေနဲ့ မတူဘဲ ထူးခြားတာလေးကတော့ ၄င်း နှုတ်ခမ်းနီကို စတော်ဘယ်ရီတို့ ချယ်ရီတို့ အရသာမျိုးနဲ့ မဟုတ်ဘဲ ဟင်းအရသာနဲ့ ထုတ်လုပ်လိုက်တာပါတဲ့။တကယ်ကို ထူးဆန်းအံ့သြဖွယ်ပါဘဲ။ ဒီနှုတ်ခမ်းနီကိုတော့ စင်္ကာပူနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတစ်ခုက တီထွင် ဖန်တီးခဲ့တာဖြစ်ပြီးတော့ နှုတ်ခမ်းနီမှာ ဟင်းအနံ့ကောအရသာကောပါ၀င်တယ်လို့ သိရပါတယ်။

Company ရဲ့ ၂၅ နှစ်ပြည့် အထိမ်းအမှတ်အတွက် ထုတ်လုပ်ခဲ့တာဖြစ်ပြီး အရေတွက် အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့ခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။

ဒီနှုတ်ခမ်းနီရဲ့ နာမည်ကိုတော့ Curry Bombshell လို့ခေါ်ပြီး ပုံထဲမှာပါတဲ့ လိမ္မော်ရောင်နှုတ်ခမ်းနီကတော့ ကြက်သားအရသာနှုတ်ခမ်းနီဖြစ်ပြီး လူကြိုက်အများဆုံးလည်းဖြစ်တယ်လို့ ပြောပါတယ်။ထို့အပြင် အုန်းသီးအရသာ၊ ငရုတ်သီးအရသာ နှင့် စပါးလင်အရသာတွေအထိပါ ပြုလုပ်ရောင်းချနေတယ်လို့သိရပါတယ်။ကဲ လိုချင်တယ်ဆိုရင်တော့ပြေးသာ ၀ယ်လိုက်ကြပေတော့ဗျို့…။

Be the first to comment

Leave a Reply

Your email address will not be published.


*